ကျွန်းစုမြို့တွင် မဟာဓါတ်အားလိုင်းပြင်ပ အမျိုးသားအဆင့် အသေးစားလျှပ်စစ်ဓါတ်အား ရရှိရေးစီမံကိန်း ကျေးလက်မီးလင်းရေးလုပ်ငန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းစုမြို့တွင် မဟာဓါတ်အားလိုင်းပြင်ပ အမျိုးသားအဆင့် အသေးစားလျှပ်စစ်ဓါတ်အား ရရှိရေးစီမံကိန်း ကျေးလက်မီးလင်းရေးလုပ်ငန်း ဖွင့်လှစ်




MNP - မတ်    ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မဟာဓါတ်အားလိုင်းပြင်ပ အမျိုးသားအဆင့် လျှပ်စစ်ဓါတ်အား ရရှိရေးစီမံကိန်း(NEP) ဖြင့် Solar Mini – Grid မီးလင်းရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကဘင်ကျေးရွာအုပ်စု၊ ရေကန်အော်ကျေးရွာ၌ ကျင်းပပြု လုပ်ခဲ့ ကြောင်း သိရသည်။

ရှေးဦးစွာ အသေးစားလျှပ်စစ်ဓါတ်အား ရရှိရေးစီမံကိန်း ကျေးလက်မီးလင်းရေးလုပ်ငန်းအား တနင်္သာရီတိုင်းဒေသကြီး၊၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ကျော် နှင့် တာဝန်ရှိ သူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ကျော် က အဖွင့်အမှာစကားပြောကြားခဲ့သည်။

အဆိုပါ အသေးစားဆိုလာစနစ်သည် အရွယ်အစား (၁၃၄.၄) ကီလိုဝပ်၊ အရံဒီဇယ် မီးစက် (၁၂၀) ကီလိုဝပ် ပါဝင်သည့် ဆိုလာ နှင့် ဒီဇယ် ပေါင်းစပ်စနစ် အမျိုးအစားကို KYOCERA Communication System Kinetic Myanmar Co,Ltd မှ အကောင်အထည်ဖော်‌ ဆောင်ရွက်ခဲ့ရာ (၂၉.၁၂.၂၀၂၀) ရက်နေ့တွင် ဆောင်ရွက်ပြီးစီးခဲ့ရာ (၃၀.၁၂.၂၀၂၂) ရက်နေ့ က စ၍ ကျေးရွာရှိ နေအိမ်များကို (၂၄)နာရီ လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးလျက်ရှိပြီး နိုင်ငံတော်မှ (၆၅၅.၅၉၂)ကျပ်သန်း (၆၀)ရာခိုင်နှုန်း၊ ကျေးရွာနေပြည်သူမှ (၂၁၈.၅၃)သန်း (၂၀)ရာခိုင်နှုန်းနှင့် လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီမှ  (၂၁၈.၅၃)သန်း (၂၀)ရာခိုင်နှုန်း ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့သည်။

ထို‌နောက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းက စီမံကိန်းတွင် ကျေးရွာရှိ အိမ်ခြေ(၄၀၀)ခန့် အကျိုးခံစားခွင့် ရရှိရန် မျှော်မှန်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် အိမ်ခြေ(၂၉၅)အိမ်ခန့် ဓာတ်အားချိတ်ဆက် ရယူထားကြောင်း၊ လျှပ်စစ်‌စွမ်းအင် ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ခြင်းသည် လူနေမှုအဆင့်အတန်း မြင့်မားတိုးတက်စေရုံ သာမကပညာရေး၊ ကျန်းမာရေးကဏ္ဍများနှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်နိုင်သည့် အခွင့်အရေး များပါ တစ်ပါတည်း ရရှိစေမှာဖြစ်ကြောင်း၊ စသည်တို့ကို လည်းကောင်း၊ KCKM Co.,LTD General Manager ဦးဟန်သာစိုးမှ ရေကန်အော် ကျေးရွာ မီးလင်းလုပ်ငန်းနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။

“ဒီ‌ရွာမှာ အိမ်ခြေ(၄၆၀)ရှိပါတယ်၊ ယခင်က ဒီဇယ်သုံးမီးစက်နဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးက ရွာမီးလင်းရေး ဆောင်ရွက်တာကြောင့် ည(၆)နာရီမှ (၁၀)နာရီခွဲထိသာ အချိန်ပိုင်းစနစ်နဲ့ မီးသုံးရတာပါ၊ ယူနစ်နှုန်းနဲ့ ကောက်ခံတာမျိုးမဟုတ်ပဲ့ မီးချောင်းတစ်ချောင်းကို (၄၀၀)ကျပ် နဲ့ သုံးစွဲရတာပါ၊ ယခုဆိုရင် (၂၄)နာရီမီး သုံးစွဲနိုင်ပြီ ဖြစ်ပါတယ်၊ အသေးစား စက်မှုလက်မှု လုပ်ငန်းများနဲ့ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများလည်း ရှိပါတယ်၊ မီးသုံးစွဲခ အနေနဲ့ အိမ်သုံးမီတာ တစ်ယူနစ်ကို (၄၀၀)ကျပ်၊ လုပ်ငန်းသုံးဆိုရင်(၅၀၀)ကျပ်သာ ကျသင့်တာဖြစ်ပြီး များစွာ သက်သာနေတဲ့အတွက် ကျွန်တော်တို့အနေနဲ့ စီမံကိန်းခွင့်ပြုပေးတဲ့ နိုင်ငံတော်အစိုးရနဲ့ ကျေး/လက် ဦးစီးဌာန ကို အထူးပင်ကျေးဇူးတင်ရှိပါတယ်” ဟု ကျေးရွာမီးလင်းရေးကော်မတီ ဥက္ကဋ္ဌ ဦး‌ဇော်လင်းအောင်က ပြောသည်။

ထိုနောက် General Manager ဦးဟန်သာစိုးမှ ဝန်ကြီးနှင့် တာဝန်ရှိသူများအား ဖွင့်ပွဲ အမှတ်တရ လက်ဆောင်များ‌ပေးအပ်ခဲ့ပြီး‌နောက် အသေးစားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း ကျေးလက် မီးလင်းရေးလုပ်ငန်း ကမ္ပည်းမော်ကွန်း ကြေးပြားအား ဖွင့်လှစ်ကာ အမွှေးနံ့သာများ ပက်ဖြန်း ခဲ့ပြီး ဆိုလာမီးလင်းရေး လုပ်ငန်းအား လှည့်လည် ကြည့်ရှုခဲ့ကြကြောင်း၊ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ခင်ကျော်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးမောင်ဝင်း၊ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ကျေးရွာဒေသခံများ တက်ရောက်ခဲ့ကြသည်။

သတင်း - စည်သူရအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)