လဲချားမြို့နယ်တွင် နွေရာသီအခြေခံပညာအားကစားသင်တန်းများ အခမဲ့ဖွင့်လှစ်သင်ကြားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လဲချားမြို့နယ်တွင် နွေရာသီအခြေခံပညာအားကစားသင်တန်းများ အခမဲ့ဖွင့်လှစ်သင်ကြားပေး

 



MNP -  မတ်     ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် အားကစားခန်းမတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၂ ခုနှစ်၊ နွေရာသီအခြေခံပညာ အားကစားသင်တန်းများ အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

အဆိုပါသင်တန်းများဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် လူငယ်၊ လူရွယ်နှင့် ကျောင်းသား/ကျောင်းသူများ အားကစားအပေါ် စိတ်ပါဝင်စားလာစေရန်၊ အားကစားနည်းများအား အခြေခံနည်းစနစ်တကျ တတ်မြောက်စေရန်၊ မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ သင်ကြားပေးရခြင်းဖြစ်ပြီး မြို့နယ်အားကစားမှူး ဦးထိန်လင်းမှဦးဆောင်၍ သင်တန်းနည်းပြများမှ  မြန်မာ့သိုင်း၊ အေရိုးဗစ်၊ ဘက်စကတ်ဘော၊ ကြက်တောင်၊ စားပွဲတင် တင်းနစ်၊ ကိုယ်ကာယကြံ့ခိုင်မှု စသည့် အားကစားနည်းများကို  ၂၀၂၂ခုနှစ်၊ မတ်လ (၂၂)ရက်နေ့မှ စတင်ကာ ဧပြီလ (၁၀)ရက်နေ့အထိ  နေ့စဉ် နံနက်၊ ညနေ နှစ်ပိုင်းခွဲ၍ သင်ကြားပေးလျှက်ရှိကြောင်း သိရသည်။

သတင်း - လွှမ်းသူနောင် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)