မိုင်းပျဉ်းမြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၂) နှစ်အောက် ကလေးများအား ထောက်ပံ့ကြေးပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းပျဉ်းမြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၂) နှစ်အောက် ကလေးများအား ထောက်ပံ့ကြေးပေးအပ်

 


MNP -   မတ်     ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးများအား ထောက်ပံ့ကြေးပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီက မိုင်းပျဉ်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုစုရည်က ထောက်ပံ့ကြေး ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ၂၀၂၁−၂၀၂၂ခု ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ) များ အတွက် မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၃၁) အုပ်စုအတွင်း၌ ရှိသော မိခင် (၂၁၂၄) ဦးနှင့် အသက် (၂) နှစ်အောက် ကလေး (၉၇၄) ဦး၊ စုစုပေါင်း (၃၀၉၈) ဦးတို့အား  ထောက်ပံ့ငွေ (၁၃၄၂၅၀၀၀/−) ကျပ်ကို လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးမှူး ဒေါ်စုစုရည်က ပေးအပ်ရာသက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရပ်ကျေးစာရေးများက အသီးသီး လက်ခံရယူကြကြောင်း သိရှိရပါသည်။

အဆိုပါ အခမ်းအနားတွင် ကိုယ်ဝန်ဆောင်မိခင်များကိုယ်စား ပိန်းဆန်းရပ်ကွက်ရပ်ကျေး စာရေး ဒေါ်သန္တာထွေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်း ရရှိပါသည်။

သတင်း - နန်းသန္တာဦး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)