မူဆယ်မြို့နယ်တွင် ကျောင်းသား/သူများမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုဝင်ခွင့်ကဒ်ထုတ်ယူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မူဆယ်မြို့နယ်တွင် ကျောင်းသား/သူများမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုဝင်ခွင့်ကဒ်ထုတ်ယူ



MNP - မတ်   ၂၈

 ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့အ.ထ.က အမှတ်(၁) ၊ (၂)၊ (၃) ကျောင်းများရှိ ကျောင်းသား/သူများမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း  စာမေးပွဲဖြေဆိုဝင်ခွင့်ကဒ်ထုတ်ယူခြင်းကို ၂၄.၃.၂၀၂၂ မှစ၍ စတင်ထုတ်ပေးနေပြီး (၃၀.၃.၂၀၂၂၂) ရက်နေ့ထိ နေ့စဉ် မနက် ၉:၃၀ မှ ညနေ ၄ နာရီထိ ထုတ်ပေး သွားမည်ဖြစ်ကြောင်း  ပညာရေးဌာနမှ သိရသည်။

 အဆိုပါ ဖြေဆိုဝင်ခွင့်ကဒ်ကို ထုတ်ယူရာတွင် အ.ထ.က အမှတ်(၁)ကျောင်းမှ  ကျောင်းသား/ သူ (၅)ဦး၊ အမှတ်(၂) ကျောင်းမှ  ကျောင်းသား/သူ (၂၀)ဦးနှင့် အမှတ်(၃) ကျောင်းမှ ကျောင်းသား/သူ (၄)ဦး စုစုပေါင်းဖြေဆိုဝင်ခွင့်ကဒ်ထုတ်ယူသူ (၂၉)ဦးရှိပြီး မူဆယ်ခရိုင် အတွင်းရှိ ပန်ဆိုင်း (ကြူကုတ်)မြို့၊ မိုင်းယု(၁၀၅)မိုင်နှင့် ကိုင်ပိုင်အထက်တန်းကျောင်းများတွင် စုစုပေါင်းကျောင်းတွင်း ဖြေဆိုသူ (၂၈၁)ဦးနှင့် အပြင်ဖြေဆိုသူ (၃၅)ဦး စုစုပေါင်း (၃၁၆)ဦး ရှိကြောင်းသိရသည်။

သတင်း - ချယ်ရီမြေ

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)