ညောင်ဦးမြို့နယ်တွင် ဖရဲစိုက်ပျိုးတောင်သူများ ဖရဲသီးများစတင်ခူးဆွတ်ရောင်းနေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ်တွင် ဖရဲစိုက်ပျိုးတောင်သူများ ဖရဲသီးများစတင်ခူးဆွတ်ရောင်းနေ



MNP - မတ်    ၃၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ဖရဲစမ်းသပ်စိုက်ပျိုးရာအောင် မြင်ဖြစ်ထွန်းပြီး ဖရဲသီးများ စတင်ခူးဆွတ်ရောင်းချနေပြီဖြစ်ကြောင်း နတ်ကြို့အိုင်ကျေးရွာ ဖရဲစိုက်ပျိုတောင်သူ ဦးအောင်ကျော်လင်းထံက သိရသည်။

ညောင်ဦးမြို့နယ်တွင် ဖရဲစိုက်ပျိုးခြင်းအား သီတင်းကျွတ်၊ တန်ဆောင်မုန်းလတို့တွင် စတင်ပျိုးထောင်ခဲ့ပြီး စတင်ပျိုးထောင်ချိန်က အဝတ်စများဖြင့် ဖရဲပျိုးစေ့များ အားအဝတ်စများထဲထည့်ကာ တစ်ပေပတ်လည်ကျင်းထဲသို့ မြေဆွေးဖြင့်ရေနှပ်ထားရကြောင်း၊ မြေနှင့်ရေနှပ်ထားပြီးနှစ်ရက်မြောက်နေ့ ပျိုထောင်မည့်အိတ်ထဲသို့ ဖရဲစေ့အမြစ်ရှိသည့်ဘက်ကို အောက်ဘက်ပျိုးထောင်ထည့်ရကြောင်း သိရသည်။ အိတ်ထဲသို့ထည့်ပြီး ပျိုးပင် ၂၀ ရက်သားခန့်ရှိလျှင် ဖရဲစိုက်မည့်အခင်းသို့ ရွေ့စိုက်ပျိုးရ ကြောင်း၊ ရွေ့မစိုက်ပျိုးခင် ရေမြောင်းစနစ်ဖြင့် မြောင်းကျယ်လုပ်ကာ ပလတ်စတစ်ရှည်ဖြင့် ရေတင် ကျန်မှုရှိစေရန် ရေသွင်းပေးထားကာ ဖရဲပင်ပေါက်များအား နှစ်ပေခြားဖြင့် မြောင်းဘောင်ပေါ်တွင် ပလတ်စတစ်အိတ်ဖောက်ကာ စိုက်ပျိုးရကြောင်းသိရသည်။စိုက်ပျိုးပြီး ၁၅ တစ်လခန့်ရှိလျှင် အပင် လက်ရင်းမှအပွင့်ပွင့်ကာ အသီးစတင်သီးကြောင်း၊ အဆိုပါလက်ရင်းသီးအား ခူးဆွတ်ပြစ်မှသာ နောက်ထပ်သီးမည့်အသီးများ ပိုမိုသန်မာထွားကြိုင်းကြောင်း ဖရဲစိုက် တောင်သူဦးခင်ဇော်က ရှင်းပြသည်။ ဖရဲစိုက်ပျိုးခြင်းကို ညောင်ဦးမြို့နယ်တွင် စိုက်ပျိုးမှုမရှိခဲ့ကြောင်း စမ်းသပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းပြီး ဖရဲသီးလုံးသန်မာကြောင်း၊ ဖရဲစိုက်တောင်သူများသည် ရောင်းပန်းလှရန် အတွက် ဖရဲတစ်ညွှတ်မှအသီးသုံးလုံးသာယူပြီး အခြားအသီးလုံးများအားခြွေပြစ်(ခူး)လေ့ရှိကာ သို့မှသာ ရောင်းတန်းဝင်အသီးများဖြစ်ပြီး ဈေးကွက်တွင်ရောင်းပန်းလှနိုင်ကြောင်း ကျောက်ပန်းတောင်းမြို့နယ် လဲဂွကျေးရွာမှ စီးပွားဖြစ်ဖရဲစိုက်တောင်သူ ဦးတင်ထွန်းအောင်က ရှင်းပြသည်။

စိုက်ပျိုးမည့်ဖရဲမျိုးစေ့များကို ဝမ်းတွင်းမြို့နယ်မှဝယ်ယူခဲ့ကာ ၂၁၁ တံဆိပ် ဒေသအခေါ် ဂျပန်ဖရဲမျိုးအား စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း၊ ပျိုးစေ့တစ်ထုပ် အစေ့ ၄၀၀ ပါပြီး ၊ တစ်ထုပ် ၁၇၀၀၀ ကျပ်ပေးဝယ်ခဲ့ရကြောင်းသိရကာ ဖရဲစမ်းသပ်စိုက်ပျိုးရာအောင်မြင် ဖြစ်ထွန်းပြီး ခူးဆွတ်ရောင်းချ နေပြီဖြစ်ရာ ဖရဲပွဲစားများဈေးနှိမ်ဝယ်ယူခြင်းကြောင့် စိုက်ပျိုးသူများကိုယ်တိုင် ညောင်ဦးမြို့ မဏိစည်သူဈေး၊ ဘုန်းစဉ်ဈေးတို့တွင် တောင်သူများကိုယ် တိုင်ရောင်းချခြင်းဖြင့် ဖရဲစားသုံးသူများ ဝယ်ယူမှုများပြားလျက်ရှိကြောင်းသိရသည်။

သတင်း - ကိုထိန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)