ထန်းတပင်၌ မဟာသင်္ကြန်ပွဲတော်ကို ရိုးရာမပျက်ဆင်နွှဲနိုင်ရေးညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထန်းတပင်၌ မဟာသင်္ကြန်ပွဲတော်ကို ရိုးရာမပျက်ဆင်နွှဲနိုင်ရေးညှိနှိုင်းဆွေးနွေး



MNP - မတ်   ၂၉

မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ရိုးရာယဉ်ကျေးမှုနှင့်အညီ ပြည်သူလူထုစိတ်ချမ်းမြေ့ပျော်ရွှင်စေရေးနှင့် ရိုးရာမပျက် ဆင်နွှဲနိုင်ရန် အတွက် ယနေ့နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် လုပ်ငန်းညှိနှိုင်း ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 ညှိနှိုင်းဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်းက မြန်မာ့ရိုးရာယဉ်ကျေးမှုအတာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေး အတွက် လုပ်ငန်းစီမံချက်နှင့် ဆပ်ကော်မတီများ ဖွဲ့စည်းထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ် လမ်းဦးစီးဌာနမှ ဦးစီးအရာရှိဦးကျော်မိုး လွင်ကသင်္ကြန်မဏ္ဍပ် တည်ဆောက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်ဌာန ဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက မိမိတို့သိလိုသည့် အကြောင်း အရာများကိုမေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်၍ ရှင်းလင်းပြောကြားခဲ့ကြသည်။

သတင်း -  ဇင်မင်းထိုက်

မြန်မာနေရှင်နယ်ပိုစ့်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)