ဖျာပုံမြို့တွင်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖျာပုံမြို့တွင်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

 




MNP -  မတ်   ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် နိုင်ငံတစ်ဝန်းလူငယ်ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်များအဖြစ် အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာ အသိပညာပေးဟောပြော ပွဲများကို ဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိ  ပညာပေးဟောပြောပွဲကို မတ်လ( ၂၆)ရက်နေ့ နံနက် ၁၁နာရီအချိန်က ဖျာပုံမြို့ အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်း၊ အောင်မြေခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဖျာပုံခရိုင် ပညာရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးတင်အောင်က "အမျိုးဘာသာ၊သာသနာနှင့် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ”ခေါင်စဉ်ဖြင့်ဟောပြောရာကျောင်းသား၊ကျောင်းသူများအနေဖြင့်အမျိုးဘာသာ၊သာသနာကိုစောင့်ထိန်းရမည်ဖြစ်ပြီး စိတ်ဓာတ်၊စည်းကမ်း၊ပညာ ကျောင်း ဆောင်ပုဒ်များနှင့်အညီ ရိုးသားဖြောင့်မတ်ပြီး စာရိတ္တကောင်းမွန်အောင်ကြိုးစားကြရန်၊ လူတော်ဖြစ်ရုံသာမက စိတ်ကောင်း၊ နှလုံးကောင်းပြည့်ဝသော လူကောင်းများ ဖြစ်အောင်လည်း ကြိုးစားကြရန်၊ “စိတ်ကောင်းရှိဖို့” ပထမဆိုသည့်အတိုင်း စိတ်ကောင်းရှိအောင်၊ စာရိတ္တကောင်းမွန်အောင် ဆရာ/ဆရာမများက လေ့ကျင့်ပျိုးထောင်ပေးခဲ့ကြပြီး ဖြစ်ပါကြောင်း၊ လူတော်လူကောင်း များများပေါ်ထွန်းပြီး မိမိနိုင်ငံနှင့် အမျိုး၊ ဘာသာ၊ သာသနာကို တိုးတက်အောင် ဆောင်ရွက် နိုင်ကြပါစေကြောင်း” စသည်ဖြင့် ဟောပြောခဲ့သည်။

ဆက်လက်၍ ဖျာပုံခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်စန္ဒာဦးက "အားကစားနှင့်အနာဂတ်လူငယ် များဖွံ့ဖြိုးတိုးတက်ရေး" ခေါင်းစဉ် ဖြင့်ဟောပြောရာလူငယ်များအနေဖြင့် ကျောင်းပညာရေးအပြင် အားကစားကဏ္ဍ အထူး လေ့လာလိုက်စားစေလိုကြောင်း၊ သို့မှသာ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊ နွေရာသီအားလပ်ရက်ရှည်ကာလ တွင်ဖျာပုံခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်လျက်ရှိသော အခြေခံ အားကစားနည်း(၁၂)မျိုးသင်တန်းများကိုလည်း တက်ရောက်စေလိုကြောင်း၊ အချိန်ကို အကျိုးရှိရှိ အသုံးချကြစေလိုပါကြောင်းနှင့် အားကစားကဏ္ဍနှင့် သက်ဆိုင်သည့် အခြေခံ အချက်(၄)ချက်တို့ကိုရှင်းလင်းဟောပြောသည်။

ထိုနောက် ဖျာပုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းအေးက လူငယ်များ ဘက်စုံဖွံ့ဖြိုးရေးအစီအ စဉ်အဖြစ် “လူငယ်များအကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ “ကျောင်းသား/ ကျောင်းသူများအနေဖြင့် နောင်တစ်ချိန်တွင် နိုင်ငံနှင့်လူမျိုး အကျိုးအတွက် သယ်ပိုးထမ်းရွက်လာကြရမည်ဖြစ်ပြီး ယခုအရွယ်မှစပြီး ဗလငါးတန်နှင့်ပြည့်စုံအောင်၊ နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးတန်ဖိုးထားတတ်အောင်၊ အသိပညာ၊ အတတ်ပညာများကို လေ့လာဆည်းပူးကြစေလိုပါကြောင်း၊ နွေရာသီကျောင်း ပိတ်ရက်ရှည် ကာလများတွင် အချိန်ကို အကျိုးရှိစွာ အသုံးချစေလိုကြောင်း၊ ရည်မှန်းချက် ထားရှိရမှာ ဖြစ်‌ကြောင်း၊ ပြင်ပဗဟုသုတရရှိစေရန် စာပေများ ဖတ်ရှုလေ့လာကြစေလိုပါ ကြောင်း၊ သက်ဆိုင်ရာခရိုင်/ မြို့နယ်များတွင်ရှိသော ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်များတွင် အသိပညာဗဟုသုတရရှိစေရန် စာအုပ်စာပေများ နှင့် သုတရသစာအုပ်စာစောင်များကို အခမဲ့လာရောက်ဖတ်ရှုပြီး ငှားရမ်းနိုင်ကြောင်း၊ ဖျာပုံ ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြိုင်ပွဲများ၊ သင်တန်းများ ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ လူငယ်များ အကျင့်စာရိတ္တ ကောင်းမွန်ရန်လိုကြောင်း၊ လူ့ပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေနေတတ်ရန် ဖြစ်ကြောင်း၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်‌ရေး နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုး တန်ဖိုးထားစေလိုကြောင်းအသိပညာပေးဟောပြောခဲ့ကြသည်။အဆိုပါအသိပညာပေးဟောပြောပွဲသို့ အထက-၁ ကျောင်းမှဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူ(၂၀၀)ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။

သတင်း - အောင်ဝင်းနိုင်

မြန်မာနေရှင်နယ်ပို့စ်

 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)