နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းအတွက် အလှူငွေများလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းအတွက် အလှူငွေများလှူဒါန်း


MNP - မတ်   ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတလူမှုကူညီရေးအသင်းသို့ ယနေ့နံနက်ပိုင်းတွင် အလှူငွေများကို အလှူရှင်များက လာရောက်လှူဒါန်းခဲ့ကြောင်း သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းထံမှ သိရသည်။

လှူဒါန်းရာတွင် နောင်ချိုမြို့မှ ကိုဖြိုးဝေ+မနန်းရတနာခင်တို့၏ သမီးမဇူးနိုရာအောင်၏ ၁ နှစ်ပြည့် မွေးနေ့အလှူအဖြစ် သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းအတွက် အလှူငွေကျပ် တစ်သိန်းတိတိကို လှူဒါန်းခဲ့ရာ သဖန်းကိုင်းပရဟိတ ဆရာတော်မှလက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။         

သဖန်းကိုင်းပရဟိတ လူမှုကူညီရေအသင်း ကုသရေးစင်တာတွင် ပိုးတွေ့လူနာများ၏ ကျန်းမာရေးကိစ္စများကို ဆရာတော်နှင့် အသင်းဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတို့၏အနီးကပ်ကြီးကြပ်မှု အတိုင်ပင်ခံသမားတော် (၁)ဦး၊ ဆရာဝန်(၁)ဦး၊  သူနာပြု (၄) ဦးတို့ဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိကြောင်း၊ လူနာများအတွက် သောက်ရေ၊ သုံးရေ၊ လျှပ်စစ်မီး၊ အောက်ဆီဂျင်၊ နေရာထိုင်ခင်း၊ စားသောက်ရေး၊ ဆေးဝါးပစ္စည်းများအခမဲ့ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြို့နယ်အတွင်း အောက်ဆီဂျင်လိုအပ်ချက် များအား ဖြည့်ဆည်းပေးခြင်း၊ လိုအပ်သောနေရာများသို့ ပိုးသတ်ဆေးဖျန်းပေးခြင်းများအပြင်  အခြားကျန်းမာရေးကိစ္စများတွင်လည်း ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သဖန်းကိုင်းပရဟိတ လူမှုကူညီရေး အသင်းထံမှသိရသည်။ 

သတင်း - ထွေးငယ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)