နေပြည်တော်စာရေးဆရာ၊ စာရေးဆရာမများ နှင့် စာပေဝါသနာရှင်များက စာဖတ်ဝိုင်းကျင်းပဆွေးနွေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်စာရေးဆရာ၊ စာရေးဆရာမများ နှင့် စာပေဝါသနာရှင်များက စာဖတ်ဝိုင်းကျင်းပဆွေးနွေ

 



MNP - မတ်    ၃၁

စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူ အချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန် အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာ ဦးဟန်ညွန့်(ဟန်ညွန့်-ယဉ်ကျေးမှု) ရေးသားသည့် ‘‘အမျိုးသမီး ဂုဏ်ရည်အလီလီ” တတိယဆုရ ကဗျာဖြင့် ယမန်နေ့နံနက် (၁၀)နာရီတွင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌   စာဖတ်ဝိုင်း ကျင်းပ ဆွေးနွေး သည်။

ရှေးဦးစွာ နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး(တာဝန်ပေး) ဒေါ်သင်းသင်းဇင်က စာဖတ် ဝိုင်းပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် စာရေးဆရာများ၊ စာရေးဆရာမများက စာရေးဆရာ ဦးဟန်ညွန့်  (ဟန်ညွန့်-ယဉ်ကျေးမှု) ရေးသားသည့် ‘‘အမျိုးသမီးဂုဏ်ရည်အလီလီ” တတိယဆုရကဗျာ၏ အကြောင်းအရာ အချက်အလက်များကို မိမိတို့၏ သဘော ထားအမြင်များ၊ သုံးသပ်ချက်များဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

သတင်း - ထွန်းထွန်းဝင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)