မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဥက္ကာ မုံရွာမြို့နယ် တောပု ကျေးရွာရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဥက္ကာ မုံရွာမြို့နယ် တောပု ကျေးရွာရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး



MNP -  မတ်   ၂၆

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် မုံရွာခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဥက္ကာသည် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှဝင်းအောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ လိုက်ပါပြီး ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့လယ်ပိုင်းက  မုံရွာမြို့နယ် တောပုကျေးရွာသို့ ရောက်ရှိပြီး တောပုကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တောပုကျေးရွာ ပြည်သူစစ်အတွက်  ဆန်၊ ဆီ အပါအဝင် စာဖွယ်မျိုးစုံတို့နှင့် ငွေကျပ်(၁၅၀၀၀၀)ကို တာဝန်ရှိသူများထံ အသီးသီးပေးအပ်ခဲ့ပြီးနောက် မြို့နယ် စီမံခန့်အုပ်ချုပ်ရေး အဖွဲ့ဝင် ဗိုလ်မှူး နိုင်ဇင်သက်၏ အနီကပ်ကြီးကြပ်ဦးဆောင်မှုဖြင့် တပ်မ‌တော် ဆေးတပ်ဖွဲ့မှ တာဝန်ရှိသူများက တောပုကျေးရွာမှ ပြည်သူ(၁၈၀)ဦးအတွက် ကိုဗစ်-၁၉‌ ရောဂါကာကွယ်ဆေး Phase 7 Second dose ထိုးနှံပေးနေမှု တို့အား ကြည့်ရှုအားပေးခဲ့သည်။

ယင်းနောက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအဖြစ် တိုင်းဒေသကြီးဘတ်ဂျက်နှင့် ပြည်ထောင်စု ဘတ်ဂျက်တို့မှ ခွင့်ပြုရန်ပုံငွေများဖြင့် အလျား ၅၆၂၀ ပေ အနံ ၁၄ ပေ အမြင့် ၉ လက်မရှိသော တောပု ကျေးရွာမှ မုံရွာ-မြင်းမူ-မန္တလေးလမ်းမကြီးတို့ ဆက်သွယ် ဖောက်လုပ်ထားသော  ကွန်ကရစ်လမ်း ဖောက်လုပ်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး သတ်မှတ် စံချိန်စံညွှန်းနဲ့အညီ အချိန်မီပြီးစီးရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)