MNP - မတ် ၂၈
မွန်ပြည်နယ် မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာတွင် နွေရာသီရေပြတ်လပ်မှု မရှိစေရေးအတွက် ရေရှားပါးသော ကျေးရွာများသို့ သန့်ရှင်းသော သောက်သုံးရေရရှိစေရေးအတွက် ယမန်နေ့က မီးသတ် ဦးစီးဌာနမှ သွားရောက်လှူဒါန်းခဲ့သည်။
ကတုံးပေါ်ကျေးရွာသည် ပင်လယ်ကမ်းနားရွာဖြစ်ပြီး၊ နှစ်စဉ်သောက်သုံးရေကန်များတွင် ပူပြင်းသော အပူချိန်ကြောင့် ရေများခန်းခြောက်စပြုလာ၍ ပြည်သူများအနေဖြင့် သောက်ရေ အခက်အခဲများ ဖြစ်ပေါ်နေခြင်းကြောင့် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးဘုန်းမြင့်အေးနှင့် အရန်တပ်ဖွဲ့ဝင်များက မီးသတ်ရေသည်ယာဉ်ဖြင့် ရေဂါလံ(၁၆၀၀)ကို ကျေးရွာ နေအိမ်များနှင့် ဘုန်းကြီးကျောင်းများသို့ ဖြန့်ဝေလှူဒါန်း ပေးခဲ့ကြောင်း၊ မြို့နယ်အတွင်းရှိ ကျေးရွာများမှ သောက်သုံးရေ အခက်အခဲများ ဖြစ်ပေါ်လာပါက အချိန်မရွေး မြို့နယ် မီးသတ်ဦးစီးဌာသို့ အကူညီတောင်းခံနိုင်ကြောင်း အသိပေး နှိုးဆော်ထားပြီး ပြည်သူ့အကျိုးပြု သောက်သုံးရေ လှူဒါန်းပေးဝေမှုလုပ်ငန်းများကို ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့များနှင့် ပူးပေါင်းကာ လိုက်လံဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
သတင်း - အောင်မျိုးသူ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment