ကျောက်ဆည်မြို့နယ်တွင် လူသုံးကုန်ထုတ်လုပ်နည်း သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် လူသုံးကုန်ထုတ်လုပ်နည်း သင်တန်းဖွင့်လှစ်




MNP - မတ်  ၂၈

မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်မြို့နယ်တွင် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရုံးအစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနအစီအစဉ်ဖြင့် လူသုံးကုန်ထုတ်လုပ်နည်း သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်လှစ်ပေးခြင်းဖြင့် သင်တန်းသား/သင်တန်းသူများအနေဖြင့် မိသားစုတနိုင်တစ်ပိုင် အိုးမကွာ၊ အိမ်မကွာ မိသားစုဝင်ငွေရလုပ်ငန်းများ လုပ်ကိုင်နိုင်မည့်အပြင် အရည်အသွေးမြင့် ပြည်တွင်းထုတ်ကုန်များ ထုတ်လုပ်နိုင်သဖြင့် ပြည်ပသွင်းကုန်လုပ်ငန်း လျော့ချနိုင်မည်ဖြစ်ကြောင်း သိရပြီး သင်တန်းတွင် ရပ်ကွက်/ကျေးရွာများမှ သင်တန်းသား/သင်တန်းသူ(၂၀)ဦး တက်ရောက်ခဲ့ပြီး    လက်ဆေးဆပ်ပြာဆီ ၊ ကိုယ်တိုက်ဆပ်ပြာရည် ၊ အဝတ်လျှော်ဆပ်ပြာရည် ၊ မျက်နာသစ်ဆပ်ပြာခဲ ၊ လက်ဖက်စိမ်းခေါင်းလျှော်ရည် ၊ ပိုးသးတ်ဆေးရည်ပြုလုပ်နည်းများကို (၅) ရက်ကြာ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့်  စက်မှုလက်မှုလုပ်ငန်းများအား ဥပဒေနှင့်အညီ စနစ်တကျ  မှတ်ပုံတင်ပေးခြင်း ၊စက်မှုလက်မှုဆိုင်ရာ အသေးစားအသက်မွေးဝမ်းကြောင်း ပညာများသင်ကြားပေးခြင်း၊ အသေးစားစက်မှုလက်မှု ထုတ်ကုန်များ အရည်အသွေး မှန်ကန်စွာဖြင့် ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရန် ဓာတ်ခွဲပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - သက်မောင်

မြန်မာနေရှင်နယ်ပိုစ့်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)