မြိတ်မြို့နယ် ကြက်ခြေနီအသင်း(ခွဲ)မှ ရှေးဦးပြုစုခြင်းအခြေခံ (ရက်တို)သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်မြို့နယ် ကြက်ခြေနီအသင်း(ခွဲ)မှ ရှေးဦးပြုစုခြင်းအခြေခံ (ရက်တို)သင်တန်းဖွင့်လှစ်

 


MNP -   မတ်    ၂၈

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း မြိတ်မြို့နယ်ကြက်ခြေနီ အသင်း(ခွဲ) မှ ရှေးဦးပြုစုခြင်းအခြေခံ (ရက်တို)သင်တန်းကို မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးတွင် ဖွင့်လှစ်လျက်ရှိပြီး  လူငယ်မောင်မယ်များ၊ ပရဟိတလုပ်ငန်း ဆောင်ရွက်နေကြသူများ သင်တန်း ပေးလျက်ရှိသည်။

ရှေးဦးပြုစုခြင်းအခြေခံသင်တန်းကို လူထုအတွင်း ရှေးဦးပြုစုခြင်းပညာရပ်များ တတ်ကျွမ်းနားလည်ပြီး အသုံးချတတ်စေရန်၊ နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်မောင်မယ်များ အချိန်ကို တန်ဖိုးရှိစွာ အသုံးချတတ်စေရန်နှင့် ယာဉ်အန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရသူများအား ဆေးရုံပို့ဆောင်ပေးရာတွင် ဆေးရုံမရောက်မီ ရှေးဦးပြုစုခြင်းကို စနစ်တကျပေးနိုင်ရန် ရည်ရွယ် ချက်များဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။ 

သင်တန်းတွင် မြန်မာနိုင်ငံကြက်ခြေနီအကြောင်း သိကောင်းစရာ၊ ရှေးဦးပြုစုခြင်းအခြေခံ သဘောတရား၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုခြင်း၊ ဒဏ်ရာနှင့်သွေးယိုစီးခြင်း၊ သွေးဆုတ်သွေးလန့်ဖြစ်ခြင်း၊ မူးမေ့ခြင်း၊ သတိလစ်ခြင်း၊ အပူလောင်ခြင်းနှင့် အရည်ပူလောင် ခြင်း၊ အဆိပ်မိခြင်း၊ သတ္တဝါများကိုက်ခြင်း၊ အရိုး ကျိုးခြင်း၊ အဆစ်လွဲခြင်း၊ ကြွက်သားနှင့် ရိုးဆက်ကြောဒဏ်ရာ၊ ကိုင်တွယ်ခြင်းနှင့်သယ်ဆောင်နည်းများ၊ အခြေခံ အသက်ကယ် အထောက်အကူပြုနည်း၊ ပတ္တီးစည်းနည်း၊ လူနာသယ်ဆောင်နည်း စသည်ကို သင်ကြားပေး လျက်ရှိသည်။ သင်တန်းကို ကျောင်းသား/သူ လူငယ်မောင်မယ်များ၊ ပရဟိတလုပ်ငန်း ဆောင်ရွက်နေကြသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ စုစုပေါင်း(၃၆) ဦး တက်ရောက်လျက်ရှိကြပြီး မြိတ်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ နည်းပြဆရာများမှ သင်ကြားပေးလျက်ရှိကာ သင်တန်းကာလအနေဖြင့် မတ်လ(၂၆) ရက်မှ(၂၈)ရက်အထိ ဖွင့်လှစ်ခဲ့ကာ သင်တန်းတွင် စာတွေ့လက်တွေ့သင်ကြားပေး၍ သင်တန်းချိန် အပြီးတွင်စာမေး ပွဲ ဆန်းစစ်လွှာဖြေဆိုကြရမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ခိုင်ထူး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)