မူဆယ်-နမ့်ခမ်းကုန်သွယ်ရေး ကုန်သည်များအသင်း (၂၆) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေး အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မူဆယ်-နမ့်ခမ်းကုန်သွယ်ရေး ကုန်သည်များအသင်း (၂၆) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေး အခမ်းအနား ကျင်းပ

 


MNP - မတ်   ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်-နမ့်ခမ်းကုန်သွယ်ရေး ကုန်သည်များအသင်းခန်းမ၌ မူဆယ်-နမ့်ခမ်း ကုန်သွယ် ရေး ကုန်သည်များအသင်း (၂၆)ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က အခမ်းအနား ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားတွင် ရှေးဦးစွာ မူဆယ်-နမ့်ခမ်းကုန်သွယ်ရေးကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးစိုင်းနွံ့မှ  မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ပို့ဆောင်ရေးများကို ကိုဗစ်-၁၉ကြောင့် ပိတ်ထားသောကြောင့် ကုန်သွယ်ရေးများ ခက်ခဲကြန့်ကြာမှုရှိနေပါကြောင်း၊ နယ်စပ်ကုန်သွယ်ရေးများ ဖြည့်ဆည်း ပေးရမည်များရှိခဲ့သော် အချိန်မရွေး ချိတ်ဆက်ဆက်သွယ်နိုင်ကြောင်း အသင်း၏ဖြစ်တည်မှု၊ ရှေ့ဆက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စီးပွားရေးနှင့်ကူသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြား‌ရေးမှူးချုပ်(ကိုယ်စား) ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းလွင်နှင့် ဒေါက်တာထိန်လင်းတို့မှ တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဆွေးနွေးပွဲများကို  ရက်ဆက်ညှိနှိုင်းလျက်ရှိပါကြောင်း၊ အသင်း၏ အလုပ်အမှုဆောင်များအနေဖြင့် အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းပြီး ယခင်တွေ့ရှိခဲ့သော အားနည်းချက်များကို သင်ခန်းစာယူပြီး အောင်မြင်မှုများပိုမိုရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။ ယင်းနောက် မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးမှ ကိုဗစ်-၁၉နှင့် ပက်သက်သည့် ရောဂါများကို အတူတကွ ပူးပေါင်းဆက်လက် ကာကွယ်ထိန်းချုပ်သွားရန် ပြောကြားခဲ့သည်။  

ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ(ကိုယ်စား) အထွေထွေအတွင်းမှူးချုပ် ဦးအေးဝင်းမှ  တစ်နှစ်တာ ငွေစာရင်း ရှင်းလင်းခြင်းကိုချပြဆွေးနွေးခဲ့သည်။ ယင်းနောက် အသင်းသားများက ကြိုတင်ပေးပို့ထားသော မေးမြန်းချက်များနှင့် အကြံပြုချက်များကို အလုပ်အမှုဆောင်အဖွဲ့က ရှင်းလင်းဖြေကြားပြောကြားခဲ့ပြီး တစ်နှစ်တာဆောင်ရွက်တိုးတက်မှုကို တက်ရောက်လာသော အသင်းအဖွဲ့ဝင်များမှ အတည်ပြု သဘောတူကြောင်း ဆုံးဖြတ်အတည်ပြု ခဲ့သည်။

ဆက်လက်ပြီး အထွေထွေအတွင်းရေးမှူး ဦးသန်းထိုက်မှ  မူဆယ်-နမ့်ခမ်းကုန်သွယ်ရေး ကုန်သည်များအသင်း အလုပ်အမှုဆောင် အဖွဲ့၏ နှစ်ပတ်လည်အစီရင်ခံစာတွင် မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သွယ်ရေး အသင်းကို (၁၃-၅-၁၉၉၀)မှစ၍ ဖွဲ့စည်း တည်ထောင်ခဲ့ကြောင်း၊ နယ်စပ်ဒေသ စီးပွားရေး/ကုန်သွယ်မှုလုပ်ငန်းများ ဝန်ဆောင်မှုလုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရန် ဆက်လက်ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ အသင်းသား များ၏ ရည်ရွယ်ချက်များ၊ (၂၀၂၀-၂၀၂၁-၂၀၂၂) (၃)နှစ်တာ ကာလ အတွက် နာယကအဖွဲ့၊ ဗဟိုအမှုအလုပ်ဆောင်အဖွဲ့၊ အလုပ်အမှုဆောင်အဖွဲ့အသစ်  ဖွဲ့စည်းမှုကို အတည်ပြုခဲ့ကြသည်။

မူဆယ်-နမ့်ခမ်းကုန်သည်ကြီးများအသင်းတွင် အသင်းဝင်စုစုပေါင်း (၇၈၇၁)ဦးရှိကြောင်းနှင့် နှစ်ပတ်လည်နေ့ အခမ်းအနားကို မွန်းတည့်(၁၂)နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

သတင်း - ဇင်မောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)