"တပ်မတော်သည် အမျိုးသားရေးကိုဘယ်တော့မှ သစ္စာမဖေါက်" - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

"တပ်မတော်သည် အမျိုးသားရေးကိုဘယ်တော့မှ သစ္စာမဖေါက်"

















ယ္ခု Post သည်မိမိတာ ဝန်ထမ်းဆောင်ခဲ့မှုနှင့်မိမိ၏ခံယူချက်ကိုတင်ပြခြင်းသာဖြစ်ပြီး မြန်မာ့သ မိုင်းတွင်သိထားသင့်သော အချက်အလက်အချို့ကိုသိမြင်နိုင်စေရန်ရည်ရွယ် ရေးသားခြင်းဖြစ်ပါသည်။

       

စာရေးသူသည် ၂၀၀၈ ခုနှစ်မှ ၂၀၁၃ထိ ၅နှစ်တိုင် ဆော်ဒီအာရေးဗီးယားနိုင် ငံဆိုင်ရာအထူးအာဏာ ကုန်လွှဲအပ်ခြင်းခံရသော မြန်မာသံအမတ်ကြီးဖြစ်ပြီး ဆော်ဒီနှင့်မြန်မာသံတမန်ဆက်ဆံရေး ထူထောင်ပြီးနောက် ပထမဆုံးမြန်မာသံအမတ်ကြီးအဖြစ်ထမ်းဆောင်ခဲ့သူဖြစ်ပါသည်။

     

တာဝန်ထမ်းဆောင်၍ ၂ နှစ်ခန့်ကြာပြီးနောက်ဆော်ဒီအစိုးရက ၎င်းတို့ အကျဉ်းထောင်များတွင် မြန်မာနိုင်ငံသားများကို

ထိန်းသိမ်းထားရာ(၃၀၀၀)ခန့်ရှိကြောင်း၊ သံရုံးကလာ ရောက်စိစစ်ပေးစေလိုကြောင်းညှိနိုင်းအကြောင်း ကြားလာခဲ့သဖြင့် မိမိနိုင်ငံ အကြီးအကဲနှင့်ဝန်ကြီးဌာနသို့ တင်ပြခွင့်ပြုချက်တောင်းခံပြီး 

(၁)ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်၊ 

(၂)လူဝင်မှုကြီးကြပ်ရေးမှကိုယ်စားလှယ်၊

(၃)အကျဉ်းဦးစီးဌာ နမှကိုယ်စားလှယ်၊

(၄)မြို့ တော်ဝန်ရုံးမှကိုယ်စား လှယ်တို့ပါဝင်စေပြီး သံရုံးကဦးဆောင်လျက် နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းကို အကျဉ်းထောင်များအ တွင်းသွားရောက်ဆောင်ရွက်ခဲ့ရာ အောက်ပါအတိုင်း ဖေါ်ထုတ်တွေ့ရှိနိုင်ခဲ့ပါသည်-

(၁)မြန်မာနိုင်ငံကထုတ်ပေးသောမှတ်ပုံတင်/နိုင်ငံသား စိစစ်ရေးကဒ်/သန်းခေါင်စာရင်း/ တစ်ခုမျှမရှိ။

(၂)ဆော်ဒီနိုင်ငံတွင်မွေးဖွားသူများသာဖြစ်။

(၃)မြန်မာစကားမပြောတတ်။

(၄)မြန်မာနိုင်ငံသို့မရောက်ဖူး။

(၅)မြန်မာနိုင်ငံသို့မသွားလို

(၆)ဆော်ဒီယာယီမှတ်ပုံ တင်သဘောဆောင်သည့်ကဒ်ပြားရှိ။

     

အထက်ပါအတိုင်းစစ် ဆေးတွေ့ရှိလာခဲ့ရာ(၇) ရက်ခန့်ကြာပြီးနောက်စစ် ဆေးမှုများပြီးဆုံးခဲ့ပါသည်၊ စစ်ဆေးတွေ့ရှိ

ချက်များကိုနိုင်ငံတော်နှင့်ဝန်ကြီးဌာနသို့အသေးစိတ် အစီရင်ခံခဲ့ပါသည်။

     

(၁/၂)လခန့်ကြာပြီးနောက်ဆော်ဒီဖက်ကအ ကျဉ်းသားများကိစ္စကိုမေး မြန်းလာသည့်အတွက် နိုင်ငံသားဖြစ်မှုအထောက်အ ထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသူများအတွက် မိမိတို့နိုင်ငံကပြန်လည်လက္ခံရန်မဖြစ်နိုင်ပါကြောင်း အကြောင်းပြန်ကြားခဲ့ပါသည်။

     

(၂)လခန့်ကြာပြီးနောက် ဆော်ဒီဖက်ကမိမိအားခေါ်ယူတွေ့ဆုံပြီးအောက်ပါအ တိုင်းညှိနှိုင်းပြောကြားခဲ့ပါ သည်-

(၁)အကျဉ်းသားများအပါ အဝင်ဆော်ဒီနိုင်ငံရှိ ဘင်ဂါလီ(၅)သိန်းခန့်ကို မြန်မာနိုင်ငံဖက်က ပြန်လည်လက္ခံပေးပါရန်။

(၂)၎င်းလူများကိုပြန်ပို့ရာ တွင်သယ်ယူပို့ဆောင်ရေးနှင့် ကုန်ကျစရိတ်အားလုံးကိုဆော်ဒီကကျခံပါမည်။

(၃)ထိုသူများမြန်မာနိုင်ငံရောက်လျင်နေစရာ၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ဆော်ဒီဖက်က ကျခံဆောင်ရွက်ပေးသွားပါမည်။

(၄)မြန်မာနိုင်ငံကအထက်ပါအချက်များ ကူညီဆောင်ရွက်‌ပေးမည်ဆိုပါက ငွေကြေးထောက်ပံ့မှုများ အပါအဝင် အခြားထောက် ပံ့မှုများကိုဆော်ဒီဖက်က ဆောင်ရွက်ပေးသွားပါမည်။

     

ထိုအခါ မိမိကနိုင်ငံတစ်နိုင်ငံအနေဖြင့်နိုင်ငံတကာ ဥပဒေများကိုလေးစားလိုက်နာရပြီး ၎င်းဥပဒေများအတိုင်းသာ ဆောင် ရွက်ကြရသဖြင့် မိမိနိုင်ငံသားမဟုတ်သူများကို လက္ခံနိုင်မည်မဟုတ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲထံသို့ တင်ပြပေးသွားမည်ဟု‌ ဖြေကြားခဲ့ပါသည်၊      နိုင်ငံတော်ကလည်းလက်မခံခဲ့ပါ။

     

၎င်းတို့ကြံရွယ်သကဲ့သို့ မဖြစ်လာသေါအခါ ဆော်ဒီကကြီးမှူးကွပ်ကဲနေသော (OIC)က ဥရောပသမဂ္ဂနှင့်ပူးပေါင်း၍ ဘင်ဂါလီကိစ္စကို စတင်အကောင်အထည်ဖေါ်လှုပ်ရှားလာခဲ့ပါသည်၊ ယ္ခုPost တွင်OIC နှင့်ဥရောပသမဂ္ဂတို့ ထုတ်ပြန်ခဲ့သော STATEMENT ကိုဖေါ်ပြထားပါသည်။ ၎င်းမှတ်တမ်းတွင်(ဟန်ယေါင်ဝေ)က EU ဘက်မှ ပွဲစားအဖြစ် ပါဝင်လက်မှတ်ရေး

ထိုးထားသည်ကိုတွေ့နိုင်ပါသည်၊ ထိုအထဲတွင်( ဝါကာလူဒင်) လည်းပါဝင်နေသည်ကိုတွေ့နိုင်ပါသည်၊ ၎င်းအချိန်မှစ၍ OIC ရဲ့ဘင်ဂါလီအရေးလှုပ်ရှားမှု များစတင်ခဲ့သည်ဟုဆိုနိုင်ပါသည်။

     

၎င်းအစည်းအဝေးအပြီး ညဖက်အခန်းအနားတစ်ခုတွင် ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိကြီးတစ်က ဆော်ဒီမှာ တာလီဘန်၊ အယ်ခိုင်ဒါနဲ့ ဘင်းဂလားဒေ့ရှ်ဘက်က RSO အဖွဲ့ဝင်တွေပါ လှုပ်ရှားမှုတွေအမြဲရှိနေပြီး မြန်မာနိုင်ငံအပေ ါ်မကြေနပ်မှုတွေရှိနေနိုင်တဲ့အတွက် သံအမတ်ကြီးသွားတာလာတာတွေကို ဂရုစိုက်ဖို့ ခင်မင်စွာအသိ ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

     

မိမိက ယခုကဲ့သို့သတိပေးပြောကြားမှုကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ မိမိအနေနဲ့ တပ်မတော်တွင် နှစ်ပေါင်း(၃၀) ကျော်တာဝနထမ်းဆောင်င်ခဲ့ရာ တိုက်ပွဲပေါင်းများစွာ ပါဝင်ဆင်နွှဲခဲ့ဖူးပါကြောင်း၊ အသက်မသေခဲ့၍ သာယခုလို တာဝန်

ထမ်းဆောင်နေနိုင်ခြင်း ဖြစ်ပါကြောင်း၊ မိမိအကြမ်း ဖက်ခံရပြီး လုပ်ကြံခံရပါက နိုင်ငံအတွက် အသက်ပေးရခြင်းဖြစ်လို့ ဂုဏ်ရှိပါကြောင်း၊ နိုင်ငံတကာ သံတမန်တစ်ဦးလုပ်ကြံခံရလို့ ဂုဏ်သိက္ခာထိခိုက်ခံရမှာက ဆော်ဒီနိုင်ငံပင်ဖြစ်ပါကြောင်း၊ မည်သို့ဆိုစေ ခင်မင်စွာအသိပေးတဲ့အတွက် ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့ပါတယ်။

     

မကြာမီ မိမိလုံခြုံရေးကို အကြောင်းပြပြီး သံရုံးရှေ့မှာ ရဲကင်းရုံလာဆောက်ပြီး(၂၄)နာရီပတ်လုံး ကင်းစောင့်ခဲ့ကြပါတယ်။ တကယ်က မိမိရဲ့ သွားလာမှုကို စောင့်ကြည့်တဲ့ သဘောပါဘဲ။      


ဒါပေမဲ့ရတနာ(၃)ပါးရဲ့ ဂုဏ်ကျေးဇူးကြောင့် မိမိနဲ့ သံရုံးမိသားစုတွေအားလုံး ဘေးကင်းခဲ့ကြပါတယ်။

     

မိမိတာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလတစ်လျောက်လုံး ဘယ် ဘင်ဂါလီ တစ်ဦးတစ်ယောက်ကိုမျှ မြန်မာပြည်ကို ပြန်လည်လက္ခံခြင်းမရှိခဲ့ပါဘူး။ တစ်နည်းပြောရရင် "တပ်မတော်တော်သည်အမျိုးသားရေးကိုဘယ်တော့မှ သစ္စာမဖေါက်" ဘူးလို့ဆိုလိုချင်ပါတယ်။

     

ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်(၁၉၇၅)ခုနှစ်မှာ တပ်မတော်ထဲကိုဝင်တော့ ကတိသစ္စာခံယူတဲ့ အခန်းအနားမှာ နိုင်ငံတော်အလံကို ထိကိုင်ပြီး- 

(၁) ငါတို့သည် နိုင်ငံတော်နှင့်နိုင်ငံသားတို့၏သစ္စာကိုစောင့်သိရိုသေပါမည်။

(၂) ငါတို့သည် ကျဆုံးလေပြီးသောတပ်မတော်သားတို့၏သစ္စာကိုစောင့်သိရိုသေပါမည်။

(၃) ငါ့အားအထက်မှပေး အပ်သော အမိန့်နှင့်တာ ဝန်ကိုကျေပွန်စွာထမ်း ဆောင်ပါမည်။

(၄) ငါ့နိုင်ငံတော် ငါ့နိုင်ငံသား ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန်လွှတ်ရန် အဓိဋ္ဌာန် န်ပြုပါ၏ လို့သစ္စာအဓိဋ္ဌာန်ပြုခဲ့လို့ပါဘဲ။


ကျွန်တော်နိုင်ငံတော်အပေါ် သစ္စာစောင့်သိခဲ့ပါတယ်။ ပေးတာယူ၊ ကျွေးတာစားပြီး ဘင်ဂါလီတွေကို လက်မခံခဲ့ပါဘူး။  သမိုင်းတစစ်ကို သိနိုင်စေဖို့ပါ။ ကပ်ရောဂါဘေးမှကင်းဝေးကြပါစေ။ (သံရုံးရှေ့က ရဲကင်းရုံပုံကိုလည်း ဖေါ်ပြထားပါတယ်)


Khin Zaw Win

(ကူးယူဖော်ပြပါသည်။)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)