ညောင်လေးပင်မြို့၌ နွေရာသီအခြေခံ အားကစားသင်တန်းဖွင့်လှစ်သင်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်လေးပင်မြို့၌ နွေရာသီအခြေခံ အားကစားသင်တန်းဖွင့်လှစ်သင်ကြား



MNP - မတ်    ၂၈

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ လူငယ်လူရွယ်များအနေဖြင့် အခြေခံအားကစားနည်းစနစ်များအား သိရှိတတ်မြောက် စေရန်နှင့်ထူးချွန်ထက်မြက်ပြီး အရည်အသွေးတိုးတက်ကောင်းမွန်သော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သော နွေရာသီအခြေခံအားကစားသင်တန်းဖွင့်ပွဲကို ယမန်နေ့ညနေ ၄ နာရီကလူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဖွင့်လှစ်သင်ကြား ပေးခဲ့ပါသည်။

“နွေရာသီအားကစားသင်တန်းမှာ မိမိနှစ်သက်ရာ ဝါသနာပါသည့် အားကစားနည်းအလိုက် အခြေခံ နည်းစနစ်ကို စနစ်တကျ တတ်မြောက်လာစေရန် မျိုးဆက်သစ် လူငယ်လူရွယ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် ဒီနှစ်မှာစစ်တုရင်၊ ကရာတေးဒို၊ အေဒိုဗစ်စတဲ့ အားကစားနည်းတွေကို သင်တန်းနည်းပြတွေနဲ့ စနစ်တကျသင်ကြားပေးသွားမယ်" ဟု မြို့နယ် အားကစားနှင့် ကာယပညာဦးစီးမှူး ဒေါ်စန်းစန်းအောင်က ပြောကြားသည်။ အဆိုပါနွေရာသီအခြေခံ အားကစားသင်တန်းကို မတ်လ ၂၆ ရက်မှ ဧပြီ ၂ ရက်နေ့အထိ အခြေခံနည်းစနစ်များကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပိုစ့်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)