ဒေးဒရဲမြို့နယ်တွင် လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများနှင့် ပစ္စည်းများ လက်ဝယ်အရောက်ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေးဒရဲမြို့နယ်တွင် လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများနှင့် ပစ္စည်းများ လက်ဝယ်အရောက်ပေးအပ်

 



MNP - မတ်    ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မတ်လ ၂၂ ရက်နေ့ နံနက် ၁၁ နာရီခွဲက လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော တိုးကျေးရွာအုပ်စု တိုးကျေးရွာနှင့် ဆားကျင်းကျေးရွာတို့ရှိ ကျေးရွာနေပြည်သူများ လက်ဝယ်အရောက် ယမန်နေ့ နေ့လယ်ပိုင်းက တိုးကျေးရွာသို့ ကွင်းဆင်းသွားရောက်၍ ထောက်ပံ့ငွေများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများနှင့် ထောက်ပံ့ပစ္စည်းများအား ပြည်သူများလက်ဝယ်အရောက် ပေးအပ်ရာတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် ဖျာပုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ တိုးကျေးရွာမှ ပြိုကျပျက်စီး နေအိမ်(၂) အိမ်အတွက် တစ်အိမ်လျှင် ထောက်ပံ့ငွေ (၅)သောင်း စီဖြင့် (၁)သိန်းကျပ်၊ မိသားစုသုံးနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ Family Kits (၂)ပုံး၊ အမိုးလန်နေအိမ် (၁၂)အိမ်အတွက် တစ်အိမ်လျှင် (၂)သောင်းကျပ်စီဖြင့် (၂၄၀၀၀၀)ကျပ်၊ ဆားကျင်းကျေးရွာရှိ အမိုးလန်နေအိမ် (၁၅)လုံးအတွက် တစ်အိမ်လျှင် (၂)သောင်းကျပ်စီဖြင့် (၃)သိန်းကျပ်၊ အဆိုပါ‌ပြိုကျပျက်စီးနေအိမ်(၂၉)အိမ်ရှိ လူဦးရေ (၁၁၇)ဦးတို့အတွက် ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ (၂၄၅၇၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် (၈၈၅၇၀၀)တိတိအား ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ထောက်ပံ့မှုနှင့် ပတ်သက်၍ နေအိမ်ပြိုကျပျက်စီးခဲ့သည့် တိုးကျေးရွာနေ ဒေါ်မြင့်ခိုင်က မနေ့ နေ့လယ်ပိုင်းလောက်က လေပြင်းတွေတိုက်လို့ နေအိမ်ပြိုကျခဲ့ပါတယ်။  ဒီ‌ကနေ့ပဲ မြို့နယ်မှ တာဝန်ရှိသူတွေ ကျေးရွာအရောက်ဆင်းပြီး အိမ်ပြိုတဲ့သူတွေနဲ့ အိမ်အမိုးလန်ပျက်စီးတဲ့ မိသားစု တွေကို ထောက်ပံ့ငွေများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပေးလို့ တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ရှိပါတယ်၊ လေ‌တိုက်လို့ နေအိမ်စပြိုထဲက မိသားစုများတည်းခိုနိုင်ရေး စီစဉ် ဆောင်ရွက်ပေးကြတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်လို့ ပြောကြားခဲ့ကြောင်း သိရသည်။

သတင်း - ရွှေဒေးသူ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)