အိမ်မဲမြို့နယ်တွင် ကျောင်းသားကျောင်းသူ၊ လူငယ်များ အသိပညာဗဟုသုတ ဉာဏ်ပညာတိုးတက်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုး စေရန် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိမ်မဲမြို့နယ်တွင် ကျောင်းသားကျောင်းသူ၊ လူငယ်များ အသိပညာဗဟုသုတ ဉာဏ်ပညာတိုးတက်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုး စေရန် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

 


MNP -  မတ်  ၂၇

နိုင်ငံတော်မှ လူ့စွမ်းအားအရင်းအမြစ်  ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာနှင့်အညီ ပညာရေးကဏ္ဍကို   အထူးအလေးပေး ဖော်ဆောင်ပေးလျက်ရှိရာ ကျောင်းသား/သူများ ကျောင်းစာအပြင်   ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန်၊ လူငယ်လူရွယ် ကျောင်းသားကျောင်းသူများအား ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရေး၊ ဘဝရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ကြစေရန် ရည်ရွယ်ချက်တို့ဖြင့် ယမန်နေ့နံနက် ၁၁ နာရီအချိန်တွင် ဧရာဝတီ တိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က(၁)ရွေညီလာခန်းမတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ လူငယ်ရေးရာ အသိပညာ ပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


အဆိုပါဟောပြောပွဲတွင် အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ဌေးဌေးလှိုင်က လူငယ် ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်ပြန်/ဆက် ဦးစီးမှူးက အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေးခေါင်းစဉ်၊ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒေါ်အိအိမျိုးက လူငယ်နှင့် ကျန်းမာရေးခေါင်းစဉ်၊ ပညာရေးဦးစီးဌာနမှ အ.ထ.က (၁) ကျောင်းအုပ်ဆရာကြီး ကိုယ်စား အလယ်တန်းပြဆရာမ ဒေါ်စန်းယုရွှေက စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားကြ ခေါင်းစဉ်များဖြင့် အသီးသီးဟောပြောခဲ့ကြကြောင်း သိရသည်။

အဆိုပါဟောပြောပွဲသို့ အ.ထ.က (၁)ကျောင်းမှ ကျောင်းသား/သူ ( ၁၆၀)ဦးခန့် တက်ရာက် ခဲ့ကြောင်းသိရသည်။

ဆက်လက်ပြီး မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင် များကို ဆရာ/မများနှင့်ကျောင်းသား/သူများကို ဖြန့်ဝေပေးခဲ့ပြီး (၇၇)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် နံရံကပ်စာစောင် ဓာတ်ပုံများ ပြသ ထားရှိရာ တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သတင်း - ချစ်သက်လယ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)