ချင်းပြည်နယ်အတွင်းသို့ တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းလွှာ၊ အဖြေလွှာများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား သွားရောက်ပို့ဆောင်သည့် တပ်မတော်ရဟတ်ယာဉ် တစ်စီး မတော်တဆမှု ဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချင်းပြည်နယ်အတွင်းသို့ တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းလွှာ၊ အဖြေလွှာများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား သွားရောက်ပို့ဆောင်သည့် တပ်မတော်ရဟတ်ယာဉ် တစ်စီး မတော်တဆမှု ဖြစ်ပွား







MNP ၊ မတ်  ၂၉

အခြေခံပညာအဆင့် တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် တစ်နိုင်ငံလုံး၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုမှုများ အဆင်ပြေချောမွေ့စွာ ဖြေဆိုဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ဌာနဆိုင်ရာ ဝန်ထမ်း များအားလုံး တက်ညီလက်ညီဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံအဝန်းရှိ ဝေးလံ ခေါင်ဖျားသည့်ဒေသများနှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် နေရာဒေသများသို့ တပ်မတော်ယာဉ်၊ လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် လုံခြုံရေးအစောင့်အရှောက်များ လိုက်ပါ၍ ပို့ဆောင်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိစဉ် ချင်းပြည်နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုရန် မေးခွန်းလွှာ၊ အဖြေလွှာများနှင့် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများအား သွားရောက်ပို့ဆောင်သည့် တပ်မတော်ရဟတ်ယာဉ်သည် ယနေ့နံနက် ၉ နာရီခန့်တွင် ဟားခါးမြို့ရှိ နယ်မြေခံ တပ်ရင်းရဟတ်ယာဉ်ကွင်း၌ ဆင်းသက်စဉ် လေထုမငြိမ်မသက်ဖြစ်ပေါ်ခဲ့မှုကြောင့် ရဟတ်ယာဉ်ကွင်းအနီး ပေ ၅၀ ခန့်အကွာနေရာသို့ အမြင့်မီတာ ၂၀ ခန့်မှ မတော်တဆ ပြုတ်ကျမှုဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်ဖြစ်ပွားမှုကြောင့် မေးခွန်းလွှာ၊ အဖြေလွှာများ ထိခိုက်ပျက်စီးမှု မရှိဘဲ သက်ဆိုင်ရာ စာစစ်ဌာနအသီးသီးသို့ အချိန်မီရောက်ရှိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရဟတ်ယာဉ်ပေါ်၌ လိုက်ပါလာသည့် အရပ်ဘက် ဝန်ထမ်း ၃ ဦး၊ လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးတို့တွင် မစိုးရိမ်ရ ဒဏ်ရာများရရှိခဲ့သောကြောင့် နယ်မြေခံ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)