မြိတ်မြို့တွင် ဖိတ်ခေါ်မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်မြို့တွင် ဖိတ်ခေါ်မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကျင်းပ

 





MNP -  မတ်     ၃၀

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ် လက်ဝှေ့ အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် မြို့နယ်အားကစားနှင့် ကာယ ပညာကော်မတီဥက္ကဋ္ဌဖလား ဖိတ်ခေါ်မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက ခရိုင် အားကစားခန်းမတွင် ကျင်းပခဲ့သည်။

ပြိုင်ပွဲတွင် စိတ်ပါဝင်စားသည့် လူငယ်များပြိုင်ပွဲကို စတင်ကျင်းပခဲ့ရာ ပြိုင်ပွဲဝင်များက အကျိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီး ဝင်ရောက်ယှဉ်ပြိုင်ကြသည့် အားကစားသမားများအား ပြိုင်ပွဲကျင်းပ ရေးကော်မတီမှ ဆုတော်ငွေများပေးအပ် ချီးမြှင့်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲတွင် အထူးပွဲအနေဖြင့် အမျိုးသား (၄)ချီ အထူးပွဲနှင့် အမျိုးသမီး (၃)ချီ အထူးပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။

ပြိုင်ပွဲကို မတ်လ(၃၀)ရက်နှင့် (၃၁)ရက်တို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ မြန်မာ့ရိုးရာလက် ဝှေ့ အားကစားကို မြိတ်မြို့မှ မျိုးဆက်သစ် လက်ဝှေ့အားကစားသမားများကို စဉ်ဆက် မပြတ် မွေးထုတ်ပေးလျက်ရှိပြီး တိုင်းဒေသကြီး လက်ရွေးစင်အားကစားသမားများနှင့် နိုင်ငံဂုဏ်ဆောင် အားကစားသမားများ မွေးထုတ်ပေးနိုင်ခဲ့ကြောင်း မြို့နယ်လက်ဝှေ့ဆပ်ကော်မတီမှ သိရသည်။

သတင်း - ခိုင်ထူး

မြန်မာနေရှင်နယ်ပိုစ့်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)