အိမ်မဲမြို့နယ်တွင် နွေရာသီအားကစားအခြေခံသင်တန်းများ ဖွင့်လှစ်သင်ကြားပေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိမ်မဲမြို့နယ်တွင် နွေရာသီအားကစားအခြေခံသင်တန်းများ ဖွင့်လှစ်သင်ကြားပေ

 


MNP -  မတ်   ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အားကစားခန်းမတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် နွေရာသီအားကစား အခြေခံသင်တန်းများကို မတ်လ ၂၈ ရက်နေ့တွင် ဆက်လက်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

နွေရာသီအားကစား အခြေခံသင်တန်းများမှာ မြန်မာ့သိုင်း၊ ရိုးရာခြင်းလုံး၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ Myanmar Fitness Dance တို့ဖြစ်ကြပြီး အဆိုပါသင်တန်းကို မတ်လ (၂၅)ရက်နေ့တွင် စတင်ဖွင့်လှစ်ပြီး သင်တန်းသား/ သူဦးရေ စုစုပေါင်း (၁၅၀)ခန့်ရှိကြောင်း သိရသည်။

"အိမ်မဲမြို့နယ်မှာ ထူးချွန်ထက်မြတ်ပြီး နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင် အားကစားသမားကောင်းများပေါ် ထွက်လာစေရန် နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အားကစားအတတ်ပညာများနှင့် အချိန်ကိုတန်ဖိုးရှိစွာ အသုံးချတက်စေရန် ရည်ရွယ်၍ အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြား ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းကို မတ်လ ၂၅ ရက်နေ့မှ ဧပြီလ ၈ ရက်နေ့အထိ ဖွင့်လှစ်မှာဖြစ်ပြီး၊ သင်တန်းကို မနက်ပိုင်းတွင် ၉ နာရီမှ ၁၁ နာရီထိ တစ်ကြိမ်၊ ညနေပိုင်းတွင် ၃ နာရီမှ ၆ နာရီထိ တစ်ကြိမ် စုစုပေါင်း ၂ ကြိမ်ခွဲ၍ သင်ကြားပေးကြောင်း "မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်အိအိမျိုး၏ ပြောကြားချက်အရ သိရသည်။

သတင်း - ချစ်သက်လယ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)