မတ္တရာမြို့နယ် စကားပင်ကျေးရွာ ကုန်ထုတ်လမ်း ၁၀၀ ရာခိုင်နှုန်းပြီးမှု ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မတ္တရာမြို့နယ် စကားပင်ကျေးရွာ ကုန်ထုတ်လမ်း ၁၀၀ ရာခိုင်နှုန်းပြီးမှု ကွင်းဆင်းစစ်ဆေး




MNP - မတ်    ၂၈

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ (၆)လ ဘတ်ဂျက်ဘဏ္ဍာရေးနှစ် တွင် ငွေလုံးငွေရင်းမူလရန်ပုံငွေဖြင့်ဆောင်ရွက်ခဲ့သော စကားပင်ကျေးရွာကုန်ထုတ်လမ်း မြေသား တင်ဂျင်းခင်းခြင်း လုပ်ငန်းမှာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်းသိရသည်။

အဆိုပါ စကားပင်ကျေးရွာကုန်ထုတ်လမ်း မြေသားတင်ဂျင်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးမှုအား မတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယဦးစီးမှူး ဦးအောင်ဗိုလ်ဗိုလ် (လက်ထောက်ညွှန်ကြားရေးမှူး-နည်းပညာ)နှင့် ဝန်ထမ်းများမှ တာဝန်ယူဆောင်ရွက်သည့် ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ  ကွင်းဆေးစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပြောကြားခဲ့သည်။

စကားပင်ကျေးရွာကုန်ထုတ်လမ်း အကျယ်၁၂ပေ၊ အရှည်(၁)မိုင်အား မြေသားတင် ဂျင်းခင်းခြင်း လုပ်ငန်းကို ရွှေယောမြေကုမ္ပဏီမှ ငွေလုံးငွေရင်း မူလရန်ပုံငွေ (၆၆.၁၆၀) သန်းဖြင့် တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဒေသခံတောင်သူ ၂၅၀ ဦး၏ စိုက်ပျိုးဧက (၁၀၀၀)ဧက အတွက် အကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်းသိရသည်။

သတင်း - စိုးကျော်သူထွေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)