ရုရှား က ယူကရိန်းကို ဝင်တဲ့ ၁၁ ရက်မြောက်နေ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှား က ယူကရိန်းကို ဝင်တဲ့ ၁၁ ရက်မြောက်နေ့




MNP ၊ မတ် ၆

ယူကရိန်း နိုင်ငံရဲ့ ရပ်တည်မှုက ရုရှား အတွက် အန္တရာယ်ရှိတဲ့အခြေအနေမှာရှိနေတယ်။ နောက်ပြီး တော့ ရုရှားကို စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုတွေ လုပ်နေတာ စစ်ကြေညာသလိုဖြစ်နေတယ်လို့ ဒီကနေ့ ရုရှားသမ္မတ ပူတင်က ဆိုလိုက်ပါတယ်။


ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးက ယူကရိန်းနိုင်ငံကို မပျံသန်းရေးဇုံ မသက်မှတ်နိုင်တာက နေတိုး အဖွဲ့မှာ အားနည်းချက်ရှိနေတယ်ဆိုတဲ့ အမှတ်အသားဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။


နေတိုးကတော့ ယူကရိန်း မပျံသန်းရေး ဇုံကို လုံးဝလက်ခံလို့ မရဘူးဖြစ်နေတယ်။ ဥရောပတစ်တိုက်လုံးကို စစ်မီးမွှေးသလိုဖြစ်နေမှာလို့ ပဲ ထပ်ခါထပ်ခါပြောနေပါတယ်။


ယူကရိန်းသမ္မတက အမေရိကန် လွှတ်တော်အမတ်တွေကို လေယာဉ်ပျံနဲ့ ဒရုန်းတွေ အကူအညီပေးဖို့အတွက် အပူတပြင်းတောင်းဆိုနေပါတယ်။


ရုရှားစစ်တပ်တွေ က ယူကရိန်း နျူကလိယ ဓာတ်ပေါင်း  ၃လုံးကို စီးမိထားပါတယ်။ IAEA နိုင်ငံတကာ အဏုမြူအေဂျင်စီကတော့ ဒီနေ့အထိ အဲ့ဒိဓာတ်ပေါင်းဖိုတွေက ဓာတ်ရောင်ခြည် စိမ့်ထွက်မှု မရှိဘူး ။ ပုံမှန်အတိုင်းပဲလို့ ဆိုပါတယ်။


လာမယ့် တနင်္လာနေ့မှာ ရုရှား- ယူကရိန်း ဆွေးနွေးပွဲ နောက်တစ်ကြိမ် လုပ်မယ်လို့ ချိန်းထားတာရှိပါတယ်။


မနေ့က မာရီယူပေါနဲ့ ဗော်နိုဗာခါ မြို့တွေမှာ အရပ်သားတွေကို ရွှေ့ပြောင်းမှု လုပ်တော့ ရှုတ်ရှုတ် ထွေးထွေးတွေဖြစ်လာလို့ ရုရှားတွေဖက်က ပစ်ခတ်မှုတွေ ပြန်လုပ်လို့ ရွှေ့ပြောင်းမှုတွေ ကို ပြန်ရပ်ထားရပါတယ်။


ကိဗ် ၊ ခါကိဗ် ၊ အုတ်ဟာတီယာကာ နဲ့ ချာနီဟိဗ် မြို့တွေ ရှိတဲ့ ယူကရိန်းမြောက်ပိုင်းကတော့ ဂျိမ်းလို့ ကောင်းတုန်းပါပဲ ။


ကုလလူ့အခွင့်ရေးရုံး အဆိုအရ ယူကရိန်းအရပ်သား သေတာ ၃၅၁ ယောက်ရှိသွားပြီလို့ ဆိုထားပါတယ်။ လက်ရှိယူကရိန်းက စစ်ဘေးရှောင် ၁သန်းခွဲနီးပါးရှိပါတယ်လို့လည်း ဆိုထားပါတယ်။


နေတိုးမှာ မပျံသန်းရေးဇုံ လုပ် မလုပ်နဲ့ ပတ်သက်ပြီး မဲခွဲတာ ထောက်ခံမဲ ၄၇% ၊ကန့်ကွက်မဲ ၅၃ % ဖြစ်လို့ မပျံသန်းရေဇုံ မလုပ်တဲ့ဖက်က နိုင်သွားပါတယ်။


ရုရှားတွေ ထိန်းချုပ်ထားတဲ့ ယူကရိန်းတောင်ပိုင်းမှာ ဆန္ဒပြပွဲတွေလုပ်လို့ ရုရှား စစ်သားတွေက သေနတ်ပစ်ဖောက်ပြီး သတိပေးခဲ့ပါတယ်။


ပြင်သစ်နိုင်ငံမှာလည်း ပြင်သစ်သားတွေက ယူကရိန်းအတွက် ဆန္ဒပြခဲ့ကြပါတယ်။  လစ္စဘွန်း ၊ လန်ဒန် ၊ ဇူးရစ် နဲ့ တိုကျို မြို့တွေမှာလည်း ယူကရိန်း နိုင်ငံသားတွေအတွက် ဆန္ဒပြခဲ့ ကြပါတယ်။

 

ယူကရိန်းနိုင်ငံ ဆန်မီမြို့ မှာ ရှိတဲ့ အိန္ဒိယ ကျောင်းသားတွေက ရုရှားကို အသက်ပေးပြီး တော်လှန်ကြမယ် ဆိုပြီး ဆန္ဒထွက်ပြလို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ကိုယ့်အိမ်ကိုယ့်ယာမှာ လုံလုံခြုံခြုံ နေကြဖို့ နဲ့ မလိုအပ်ပဲ စွန့်စားမှုတွေ မလုပ်ဖို့ သတိပေးတားမြစ်ထားပါတယ်။


အမေရိကန် ဆီနိတ်တာ ၂ ယောက်က ဇီလန်စကီနဲ့ ဇွန်းမီတင် ထိုင်တာကို လိုင်းပေါ်တင်လို့ အခြား ဆီနိတ်တာတစ်ယာက် က  မဆင်မခြင် လုပ်ရပ်တွေ လုပ်နေတယ်ဆိုပြီး ဝေဖန်လိုက်ပါတယ်။ ဇီလန်စကီက သူ့ရဲ့ ပုံတွေကို လိုင်းပေါ်တင်ပေမဲ့ သူ့နေရာ ကို လှို့ ဝှက်နိုင်သလောက်လှို့ ဝှက်ထားပါတယ်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)