သာပေါင်းမြို့နယ်၊‌ စစ်ပင်ကြီးကျေးရွာ၊ မဏ္ဍိုင်ကျေးရွာနှင့် သံလျှပ်စွန်းကျေးရွာတို့တွင် မိုးသက် လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံးပြိုကျပျက်စီး၊ နေအိမ်(၅)လုံး အမိုးလန်မှု ဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ်၊‌ စစ်ပင်ကြီးကျေးရွာ၊ မဏ္ဍိုင်ကျေးရွာနှင့် သံလျှပ်စွန်းကျေးရွာတို့တွင် မိုးသက် လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံးပြိုကျပျက်စီး၊ နေအိမ်(၅)လုံး အမိုးလန်မှု ဖြစ်ပွား





MNP - မတ်    ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စစ်ပင်ကြီးကျေးရွာအုပ်စု၊ စစ်ပင်ကြီး ကျေးရွာ၊ ကျားရဲ‌ကျေးရွာအုပ်စု၊  မဏ္ဍိုင်ကျေးရွာ၊ သဲဖြူ‌ကျေးရွာအုပ်စု၊ သံလျှပ်စွန်းကျေးရွာတို့၌ ယနေ့နေ့လည် ၁၁ နာရီခွဲ အချိန်ခန့်က မိုးသက်လေပြင်းတိုက်ခတ်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် (၁၅ ပေ၊ အနံ ၁၂ ပေ၊ အနံ ၉ ပေ) ဓနိမိုး၊ ဓနိကာ၊ ကြမ်းခင်း နေအိမ်(၁) လုံးပြို ပျက်စီး၊ (အလျား  ၁၅ ပေ၊ အနံ ၁၀ ပေ၊ အမြင့် ၁၂ ပေ) ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်းနေအိမ်(၁)လုံး၊ (အလျား ၁၀ ပေ၊ အနံ၁၈  ပေ၊ အမြင့် ၈ ပေ) ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်းနေအိမ်(၁)လုံး၊ (အလျား ၁၅ ပေ၊ အနံ ၁၀ ပေ၊ အမြင့် ၈ပေ) ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်း နေအိမ်(၁)လုံး၊ (အလျား ၁၅ ပေ၊ အနံ ၁၀ ပေ၊ အမြင့် ၈ပေ) ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်းနေအိမ်(၁)လုံး၊ (အလျား ၁၅ ပေ၊ အနံ ၁၅ ပေ၊ အမြင့် ၁၅ပေ) ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်း နေအိမ်(၁) လုံး စုစုပေါင်း နေအိမ်(၅)လုံး အမိုးလန် ဆုံးရှုံးခဲ့ရသည်။

မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် စစ်ပင်ကြီးကျေးရွာ အုပ်စု၊ စစ်ပင်ကြီးကျေးရွာနေ ဒေါ် သောင်းတင် မိသားစု(၂)ဦး နေထိုင်ရာ အိမ်(၁)လုံး ပြိုလဲပျက်စီး၊ ကျားရဲကျေးရွာအုပ်စု၊ မဏ္ဍိုင်ကျေးရွာနေ ဦးလှဝင်းမိသားစု(၂)ဦး နေထိုင်ရာအိမ်(၁) လုံးအမိုးလန်ပျက်စီး၊ ဦးဖိုးဖာ မိသားစု(၄)ဦးနေထိုင်ရာ အိမ်(၁)လုံး အမိုးလန်ပျက်စီး၊ ဦးဥက္ကာအောင်မိသားစု (၃)ဦးတို့ နေထိုင်ရာ နေအိမ်(၁)လုံး အမိုးလန် ပျက်စီး၊ ဦးကျော်မြင့် မိသားစု(၆)ဦး နေထိုင်ရာ အိမ်(၁)လုံး အမိုးလန် ပျက်စီး၊ ဦးစိန်လွင်မိသားစု (၃) ဦး နေထိုင်ရာအိမ် (၁)လုံးအမိုးလန်ပျက်စီး စုစုပေါင်း(၅) လုံး၊ နေအိမ်(၁)လုံး ပြိုကျပျက်စီး ဆုံးရှုံးခဲ့ရသော မိသားစုတို့ကို မြို့မရဲစခန်း ဒုရဲအုပ်အောင်မိုးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး ဦးကျော်သူလွင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြေနီအသင်း၊ တပ်ခွဲမှူးဦးဇော်ဝင်းနိုင်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရွာသူရွာသားများမှ ပြိုလဲပျက်စီးနေအိမ်(၁)လုံးရှိ အိမ်ထောင်စု(၁) စု၊ မိသားစုဝင်(၂)ဦး၊ နေအိမ်အမိုးလန် အိမ်ထောင်စု(၅)စုရှိ မိသားစုဝင် (၁၈)ဦးတို့ကို ဝိုင်းဝန်းကူညီ၍ နီးစပ်ရာ ဆွေမျိုးသားချင်းများ၏ နေအိမ်များတွင် ယာယီပြောင်းရွှေ့ နေရာချထားပေးခဲ့ပြီး ထိုဖြစ်စဉ်ကြောင့် လူနှင့်တိရစ္ဆာန်အသက် အန္တရာယ် ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း သိရသည်။

သတင်း - မျိုးဇော်သိန်း 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)