MNP - မတ် ၂
ရန်ကုန်တိုင်းသေကြီး၊ တွံတေးမြို့နယ် မယ်ပြေကျွန်းရှိ ဂယက်လမီး၊ အလယ်ချောင်း၊ ကျောင်းစု၊ ကဘင်းကြီး၊ ကျွန်းဘက် ကရင်ချောင်း ကျေးရွာအုပ်စု( ၅)အုပ်စုတွင်း ဒေသဖွံဖြိုးရေး လုပ်ငန်းများ၊ နယ်မြေလုံခြုံရေးနှင့် ကိုဗစ်- ၁၉ရောဂါ ကာကွယ်ရေး ဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် (၁)၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ က ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မယ်ပြေကျွန်းရှိ ကျေးရွာအုပ်များ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စရပ်များ၊ လူမှုရေးနှင့် ဒေသထုတ်ကုန်များ အချိန်နှင့်တစ်ပြေးညီ ကုန်စည်စီးဆင်းမြန်ဆန်းစေရေးအတွက် ကုန်ထုတ်လမ်းများ၊ ကျေးရွာချင်းဆက်လမ်းများ၊ တံတားများ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေသော ဂယက်လမီးကျေးရွာအုပ်စု၊ ဂယက်လမီး-မယ်ပြေ ကျေးရွာချင်းဆက် တံတား တည်ဆောက်နေမှုအားလည်းကောင်း၊ ထော်ကူးကျေးရွာတွင်းလမ်း Box Culvert တည်ဆောက်နေမှုအားလည်းကောင်း၊ အလယ်ချောင်းကျေးရွာအုပ်စု၊ ကျေးရွာ အုပ်ချုပ်ရေး မှူးရုံးအား စစ်ဆေးခြင်း၊ ကျောင်းစုကျေးရွာအုပ်စုရှိ ဒေသခံရပ်မိရပ်ဖများ၊ ကျေးလက် ကျန်းမာရေးဌာနရှိ ကျန်းမာရေးမှူးနှင့်တွေ့ဆုံဆွေးနွေးမှာကြားခြင်း၊ ကဘင်းကြီးကျေးရွာအုပ်စု၊ ကြံချပ်ကျေးရွာရှိ မယ်ပြေကျွန်းနှင့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်ကို ဆက်သွယ် တည်ဆောက်ထားသော ကြံချပ်တံတားအားကြည့်ရှု စစ်ဆေးခြင်း၊ ဘီခိုကျေးရွာရှိ အောက်ဆီဂျင် စက်ရုံမှ အောက်ဆီဂျင်ထုတ်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခြင်း၊ ကျွန်းဘက်ကရင် ချောင်းကျေးရွာအုပ်စု၊ ကရင်ချောင်းကျေးရွာ တိုက်နယ်ဆေးရုံ၌ ကိုဗစ်- ၁၉ Positive Center ဆောင်ရွက်ထားမှုအား ကြည့်ရှုစစ်ဆေးခြင်း၊ ကရင်ချောင်း- ကျွန်းဘက်ကျေးရွာချင်းဆက်လမ်းအား ကြည့်ရှုစစ်ဆေးကာ ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် တွေ့ဆုံ၍ ဒေသဆိုင်ရာလုံခြုံရေးကိစ္စရပ်များအား တာဝန်ရှိ သူများက ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရသည်။
သတင်း - တွံတေးသား
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment