ဗန်းမော်မြို့နယ်၊ ညောင်ပင်ရပ်ကွက်ရှိ ဆေးရုံဝန်ထမ်းလိုင်းခန်းနှင့် မဟာအောင်မြေမြို့နယ်ရှိ အမှတ်(၂၈) အခြေခံပညာ အလယ်တန်းကျောင်းတို့အား အကြမ်းဖက်သမားများက လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗန်းမော်မြို့နယ်၊ ညောင်ပင်ရပ်ကွက်ရှိ ဆေးရုံဝန်ထမ်းလိုင်းခန်းနှင့် မဟာအောင်မြေမြို့နယ်ရှိ အမှတ်(၂၈) အခြေခံပညာ အလယ်တန်းကျောင်းတို့အား အကြမ်းဖက်သမားများက လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲဖျက်ဆီး

MNP ၊ မတ် ၉ 

အစွန်းရောက်အကြမ်းဖက် သောင်းကျန်းသူများသည် အေးချမ်းစွာနေထိုင်သော ပြည်သူလူထုများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေး လုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့် လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာနေသော လမ်းမကြီးများ၊ လမ်းများနှင့် ဌာနဆိုင်ရာရုံးများအား လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် ထောင်ကာဖောက်ခွဲခြင်း၊ ပစ်ပေါက်ခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိပါသည်။ 

ထိုသို့ အကြမ်းဖက်ဖောက်ခွဲရေး လုပ်ရပ်များပြုလုပ်ခဲ့ရာ မတ် ၈ ရက် ည ၈ နာရီ ၁၀ မိနစ်တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ညောင်ပင်ရပ်ကွက်ရှိ ဆေးရုံဝန်ထမ်းလိုင်းခန်း၏ ခြံစည်းရိုးအပြင်ဘက်ကပ်လျက် ညောင်ပင်အောက်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲထားသည်ကို တွေ့ရှိခဲ့သည်။ ပေါက်ကွဲမှုကြောင့် ဆေးရုံဝန်ထမ်းလိုင်းခန်း၏ အုတ်တံတိုင်း ၆ ပေခန့်ပြိုကျခဲ့ပြီး ဖြစ်စဉ်နေရာအနီး၌ ရပ်တန့်ထားသည့် Toyota Hilux ယာဉ်နှင့် Nissan ယာဉ်တို့တွင် အရှေ့လေကာမှန်နှင့် ဘေးမှန်များ ကွဲအက်ပျက်စီး၍ ပြည်သူ့ဆေးရုံဝန်ထမ်းအိမ်ရာ၌ မှန် ၆ ချပ် ကွဲအက်ပျက်စီးခဲ့ကြောင်းနှင့် အခင်းဖြစ်နေရာ၏ တောင်ဘက် ၁ ဖာလုံခန့်အကွာရှိ အားကစားခန်းမ ရှေ့မျက်နှာစာ လေကာမှန် ၂၁ ချပ်တို့ ကွဲအက်ပျက်စီးခဲ့ကြောင်း သိရသည်။ 

အလားတူ ည ၁၀ နာရီ ၁၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြောက်ရပ်ကွက်၊ ၇၈ လမ်းနှင့် ၇၉ လမ်းကြားရှိ အမှတ်(၂၈) အခြေခံပညာ အလယ်တန်းကျောင်း၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဆိုင်ကယ်မောင်းနှင်လာသည့် အကြမ်းဖက်အမျိုးသား ၂ ဦးက လက်လုပ်အသံဗုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့သဖြင့် အဆိုပါကျောင်းဝင်းအတွင်း အနောက်ဘက်ခြံစည်းရိုး အုတ်နံရံနှင့် ၃ ပေခန့်အကွာ မြေကွက်လပ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့် အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။ 

အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်း ထုတ်ပြန်ထားသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)