ကျောက်ဆည်မြို့ဈေးတန်းရပ်ကွက် မြို့မဈေးလမ်းအား ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့ဈေးတန်းရပ်ကွက် မြို့မဈေးလမ်းအား ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး



MNP -  မတ်  ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ဈေးတန်းရပ်ကွက် မြို့မဈေးလမ်းအား ကတ္တရာထပ်ပိုးလွှာ ခင်းပေးခြင်းလုပ်ငန်းများကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ  တာဝန်ယူပြီး ဆောင်ရွက်ပေးလျက်ရှိရာ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ်(၂.၃၁၁)သန်း အကုန်အကျခံကာ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ သတ်မှတ်အရည်အသွေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးရေး အရှည်(၂၀၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၉)လက်မ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ဈေးတန်းရပ်ကွက်အတွင်းမှ အိမ်ထောင်စု(၃၀၃)စု၊ လူဦးရေ(၁၄၅၉)ဦးသွားလာရေး ပိုမိုအဆင်ပြေစေရန် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

ကျောက်ဆည်မြို့ဈေးတန်းရပ်ကွက် မြို့မဈေးလမ်းအား ကတ္တရာထပ်ပိုးလွှာခင်းပေးခြင်းကြောင့် ပြည်သူများရာသီမရွေး အန္တရာယ်ကင်းစွာသွားလာနိုင်ပြီး အဆိုပါလမ်းအား အသုံးပြုနေသည့် ဈေးသူ/ ဈေးသားများ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍစုံပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ် ကြောင်း ကုန်ပစ္စည်းမျိုးစုံရောင်းဝယ်သူ ဦးခင်မောင်အေးက ပြောပြသည်။

သတင်း - သက်မောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)