MNP - မတ် ၂၈
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်မှ တောင်သူများ ကုလားပဲပေါ်ချိန် ဈေးကောင်းရရှိနေကြောင်း သိရသဖြင့် ဈေးကောင်းအမီ ရောင်းချနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း တံတားဦးမြို့နယ် စကားအင်း ကျေးရွာ တောင်သူတစ်ဦးထံမှ သိရသည်။
ဒီနှစ်ကုလားပဲပေါ်ချိန်မှာ မနှစ်ကထက် ဈေးကောင်းတယ်၊ မနှစ်က ကုလားပဲတစ်တင်းကို ငွေကျပ် နှစ်သောင်းခုထောင်၊ နှစ်သောင်းရှစ်ထောင် ပတ်ဝန်းကျင်လောက်က စရောင်းရတာ၊ နောက်ပိုင်းမှ သုံးသောင်း ဖြစ်လာတာပ။ ဒီနှစ်ကုလားပဲပေါ်ပေါ်ခြင်း ငွေကျပ်လေးသောင်းခွဲက စရောင်းရတာဆိုတော့ ဈေးကောင်း ရတယ်ပြောရမှာပေါ့၊ ကုလားပဲအဖြူ(B2)ဆို ငွေကျပ်လေးသောင်းသုံးထောင် ဈေးရောင်းရပြီး ၊ ရိုးရိုးကုလားပဲ အဝါကို လေးသောင်းဈေးရတယ်၊ ဒီလိုဈေးကောင်းကောင်းနဲ့ ရောင်းရရင် တောင်သူတွေအတွက် ထိုက်သင့်တဲ့ အကျိုးအမြတ် ရရှိတယ်၊ အဲဒါကြောင့် ကုလားပဲဈေး ကောင်းချိန်အမီ ရောင်းချနိုင်ရေး အစေ့အဆန်မြန်မြန် ရရှိအောင် ဆောင်ရွက်နေကြောင်း တံတားဦး မြို့နယ် စကားအင်းကျေးရွာ တောင်သူ ဦးညွန့်ဝေ ထံမှသိရသည်။
ကုလားပဲကို မိုးဦးသီးနှံအပြီး တန်ဆောင်မုန်း၊ နတ်တော်လတို့မှာ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးပြီး ကုလားပဲခင်းများတွင် သီးညှပ်အဖြစ် ဆီထွက်သီးနှံဖြစ်သော နေကြာကိုလည်း တောင်သူများက စိုက်ပျိုးလေ့ ရှိကြသည်။ ကုလားပဲစိုက်ပျိုးခြင်းသည် တောင်သူများအတွက် ကုန်ကျစရိတ်သက်သာ ကြောင်း၊ သီးညှပ်သီးနှံဖြစ်သော နေကြာများရရှိခြင်းတို့ကြောင့် ဆောင်းသီးနှံကုလားပဲကို နှစ်စဉ် စိုက်ပျိုးလေ့ရှိကြသည်။ တန်ဆောင်မုန်း၊ နတ်တော်လတို့တွင် စိုက်ပျိုးထားသော ကုလားပဲများကိုတို့ တပိုတွဲ၊ တပေါင်းလများတွင် ရိတ်သိမ်းကြပြီး ယခုနှစ်ကုလားပဲပေါ်ချိန် ဈေးကောင်းအမီရောင်းချနိုင်ရေး တောင်သူများကြိုးစား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း - ရဲတင့်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment