ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၁-၂၀၂၂ ခုနှစ်၊ (၆)လဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ ဘဏ္ဍာနှစ်အတွင်း အချိန်မီပြီးစီးနိုင်‌ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၁-၂၀၂၂ ခုနှစ်၊ (၆)လဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ ဘဏ္ဍာနှစ်အတွင်း အချိန်မီပြီးစီးနိုင်‌ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်


MNP - မတ်    ၉

ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၁-၂၀၂၂ ခုနှစ်၊ (၆)လဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများ သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးနိုင်ရေး ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ကုမ္ပဏီလုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကား ပြောကြားသည်။

ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ဘဏ္ဍာနှစ်အလိုက် ဥပဒေလုပ်ထုံး လုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း ယခု(၆)လဘဏ္ဍာရေးနှစ်၌ လုပ်ငန်းပေါင်း ၄၂ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေးအတွက် ကြပ်မတ်ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း မြေပြင်အခြေအနေအရ ကြုံတွေ့ရသည့် အခက်အခဲများရှိကြမည်ကို နားလည်သော်လည်း ဥပဒေလုပ်ထုံး လုပ်နည်းအရ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ပြီး လုပ်ငန်းအပ်နှံနိုင်ရေးအတွက် အတူတကွ ပေါင်းစပ်ညှိနှိုင်း၍ အားထည့်ဆောင်ရွက်သွားကြရန်လိုကြောင်း မှာကြားသည်။

ထို့နောက် ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်း၊ အမိန့်ညွှန်ကြားချက်များ၊ လိုက်နာဆောင်ရွက်သွားရမည့် လုပ်ထုံးလုပ်နည်းများ၊ စာချုပ်ပါစည်းကမ်းချက်များနှင့်အညီ ရာခိုင်နှုန်း ပြီးစီးမှုအလိုက် ငွေထုတ်ယူခွင့်ဆိုင်ရာ ကိစ္စရပ်များနှင့် သတ်မှတ်ချိန်အတွင်း လုပ်ငန်းများ ပြီးစီးအောင်ဆောင်ရွက်ရေး စိစစ်ကြပ်မတ် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ကုမ္ပဏီလုပ်ငန်းရှင်များက တင်ဒါအောင်မြင်ခဲ့သည့် လုပ်ငန်းကဏ္ဍများအလိုက် ပြီးစီးမှုရာခိုင်နှုန်းများ၊ ဆောင်ရွက်ဆဲလုပ်ငန်း အခြေအနေများ၊ မြေပြင်တွင် တွေ့ကြုံရသည့် လိုအပ်ချက်များနှင့် အခက်အခဲကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ဒါလုပ်ငန်းများ သတ်မှတ်ချိန်အတွင်း ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးအတွက် လိုအပ်ချက်များအပေါ် ဌာနဆိုင်ရာများနှင့် ကုမ္ပဏီလုပ်ငန်းရှင်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)