စလင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံ မှန်ကန်စေရေး မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံ မှန်ကန်စေရေး မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်



MNP - မတ်    ၂၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာအလိုက် အခြေခံ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ရှေ့ပြေးလုပ်ငန်း (PILOT PROJECT) ဖြစ်သည့် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းကို မတ်လ ၂၁ ရက်နေ့ မှစတင်ပြီး ဌာနဆိုင်ရာများမှ ကွန်ပျူတာ ကျွမ်းကျင်ဝန်ထမ်းများက စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးတွင် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ်အတွင်း မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းကို သတ်မှတ် ကာလအတွင်း ရာနှုန်းပြည့်အချိန်မီပြီးစီးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင်နှင့်အဖွဲ့ဝင် ဦးစိန်လင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ကာ ဌာနဆိုင်ရာများမှ ကွန်ပျူတာကျွမ်းကျင် ဝန်ထမ်းများနှင့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က မြို့နယ် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၏ လူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းများ မှန်ကန်စေရေးတို့ကို စနစ်တကျ တိုက်ဆိုင်စစ်ဆေးလျက်ရှိရာ ယမန်နေ့ ညနေပိုင်းအထိ လူဦးရေ(၄၈၂၅၈)ဦး ပြီးစီးကြောင်း မြို့နယ်ကော်မရှင် ဒေါ်ဥမ္မာမြင့်ထံမှ သိရသည်။

သတင်း - မောင်လွင်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)