တစ်သက်လုံး နောင်တရနေလိမ့်မယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တစ်သက်လုံး နောင်တရနေလိမ့်မယ်


NLD အစွန်းရောက် နိုင်ငံရေးလုပ်စားသူတွေ အာဏာလက်မဲ့ဖြစ်သွားတဲ့နေ့ကစပြီး ယနေ့အချိန်အထိ အကြမ်းဖက်မှုတွေ မဆိတ်သုဉ်းသေးပါဘူး။ NLD အစွန်းရောက်လို့ ဘာကြောင့်သုံးသလဲ၊ နိုင်ငံရေးလုပ်စားသူလို့ ဘာလို့ သုံးနှုန်းရသလဲ။ တိုင်းပြည်မှာ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ခဲ့တယ်။ ဒီမိုကရေစီနည်းလမ်းတကျ ရွေးချယ်တင်မြှောက်တဲ့ ရလာဒ်ကို လက်မခံဘဲ မဲလိမ်မဲခိုးပြီး အာဏာလိုချင်တယ်။ မဲလိမ် မဲခိုးတာကြီးကို စစ်ဆေးပေါ်ပေါက်နေပါလျက်နဲ့ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေ၊ သူတို့ရဲ့ အပေါင်းအပါ ၈၈ က နိုင်ငံရေးလုပ်စားသူတွေက တပ်မတော်ကပဲ သူတို့ဆီက အာဏာလုယူသယောင်၊ ပြည်သူ့ဆန္ဒကို အလေးမထားဘဲ လုပ်ပါတယ်လို့ သူတို့ရဲ့ ဝါဒဖြန့်မီဒီယာတွေကနေ မှိုင်းတိုက်တယ်။ ကမ္ဘာကျော် မဲသူခိုးတွေက သူတို့ မဲခိုးခဲ့တဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့တော့ တစ်လုံးတစ်ပါဒမှ ဖွင့်ဟဝန်ခံခြင်း မရှိဘူး။ အာဏာရူးတွေ အာဏာလက်မဲ့ ဖြစ်သွားရတဲ့အချိန်မှာ သွေးရူးသွေးတန်းဖြစ်ပြီး သူတို့ကို မထောက်ခံတဲ့သူမှန်သမျှ လုပ်ကြံသတ်ဖြတ်ဖို့ ဝန်မလေးတဲ့ အခြေအနေအထိ ရောက်သွားခြင်းကြောင့် အစွန်းရောက်လို့ ခေါ်ပါတယ်။


နိုင်ငံရေးလုပ်စားသူဆိုတာက နိုင်ငံရေးဆူပူအုံကြွမှုကြီး ဖန်တီးပြီး အာဏာပြန်လည်ရယူဖို့ ကြိုးစားတာ သူတို့အိတ်ကပ်ထဲက စိုက်ထုတ်ပြီး လုပ်တယ်မထင်နဲ့။ အမေရိကန်၊ အိုအိုင်စီရဲ့ အကူအညီနဲ့ တိုင်းပြည်ဘဏ္ဍာထဲက ခိုးထားတဲ့ ငွေတွေနဲ့ (ခိုးလား၊ မခိုးလား အကျယ်ချဲ့ပြီး ပြောနေဖို့ မလိုဘူး။ အခု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကစပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်အားလုံး သိန်းပေါင်း ထောင်ချီ၊ သောင်းချီ၊ သန်းချီ ခိုးခဲ့ကြလို့ အဂတိအမှုတွေ ရင်ဆိုင်နေကြရတယ် မဟုတ်လား။) အဲဒီလို ကိုယ့်အိတ်ထဲက မစိုက်၊ ကိုယ်တိုင်လည်း မမိုက်၊ ပြည်သူကို မှိုင်းတိုက်ပြီး နိုင်ငံရေးဆူပူအုံကြွမှုဖြစ်အောင် ဖန်တီးကြသူတွေ ဖြစ်ခြင်းကြောင့် နိုင်ငံရေးလုပ်စားသူလို့ ဆိုရခြင်းဖြစ်ပါတယ်။


နိုင်ငံရေးလုပ်စားသူတွေက ပြည်သူတွေ အုံကြွလာအောင် ဘယ်လိုလုပ်ရမယ်ဆိုတာကိုတော့ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ပါတယ်။ သူတို့ကိုယ်တိုင် မဟုတ်မမှန် လုပ်ကြံလီဆည်ပြီး ရေးသားပြောဆိုနေတာတွေကို ပြည်သူတွေကြားထဲမှာ ပိုမိုကျယ်ပြန့်အောင် အနုပညာရှင်တွေကိုပါ အသုံးချလာတယ်။ အနုပညာရှင်အသိုင်းအဝိုင်းထဲမှာလည်း နီပိန်းက အများစုဖြစ်နေတော့ သိပ်ပြီး အားစိုက်စရာမလိုဘူး။ နီပိန်းမဟုတ်တဲ့ ဟာတွေကိုရော နိုင်ငံရေးလုပ်စားသူတွေ အလွတ်ပေးသလား။ ဒီပြဿနာထဲ ဝင်မပါဘဲ သူ့ဟာသူနေတဲ့ သရုပ်ဆောင်၊ အဆိုတော်တွေကို Social Punishment လုပ်တယ်။ Follower ကျအောင်လုပ်မယ်ဆိုပြီး ခြိမ်းခြောက်တယ်။ မပါဘဲ နေခဲ့တဲ့ အနုပညာရှင်တွေလည်း ရောယောင်၊ ပေါကြောင် ဝင်ပြီး အာချောင်ပေးကြရတယ်။


အခုရက်ပိုင်းအတွင်း နစက က လွတ်လိုက်တဲ့ လူမင်း၊ ဝိုင်း၊ ပြေတီဦး တို့ ဆိုတာကတော့ ရောယောင် ပေါကြောင် မဟုတ်ဘူး။ နီပိန်းအစိုးရလက်ထက်မှာ အခွင့်ထူးခံ လူတန်းစား၊ အခွင့်အရေးရ လူတန်းစားထဲ ပါခဲ့သူတွေ ဆိုတော့ သူတို့အခွင့်အရေးတွေ လက်လွတ်ဆုံးရှုံးသွားရတော့မှာကို ကြောက်ရွံ့ပြီး ရှေးဦးမစွကတည်းက လှုံ့ဆော်ခဲ့ကြသူတွေ ဖြစ်တယ်။ ဒီအုပ်စုထဲက ဒါရိုက်တာကြီး ဝိုင်း ဆိုရင် အစွန်းရောက် နီပိန်းကြီးတစ်ယောက်ဖြစ်တယ်။ မဘသ ဆို ဆွမ်းမလောင်းနဲ့ ဆိုတဲ့ ကျော်သူရဲ့ မယား ဇီးကွက်မနဲ့ တစ်ဂိုဏ်းထဲဖြစ်တယ်။ သူတို့ နီပိန်းအစိုးရလက်ထက်မှာ ဘာသာ သာသနာကို စော်ကားဖို့လည်း ဝန်မလေးဘူး။ အမျိုးသားရေးကို အစွန်းရောက်တံဆိပ်ကပ်ခဲ့တာလည်း ဒီကောင်တွေပဲ။ 


ဆိုတော့ ဒိလို လူမျိုးတွေကို လွှတ်ပေးတာတော့ လွန်တာပေါ့။ ဘယ်နေ့ နီပိန်း အကြမ်းဖက်သမားတွေက လာသတ်မလဲ။ ဘယ်နေရာမှာ နီပိန်းအကြမ်းဖက်သမားတွေက လုပ်ကြံမလဲ။ ဒီလိုအခြေအနေမှာတောင် နစကကို ဝန်းရံထောက်ခံနေတဲ့ သူတွေက ဒီလိုလူတွေကို လွှတ်ပေးလို့ ဝေဖန်တာတော့ မဆန်းပါဘူး။ စာရေးသူလည်း ပြတ်ပြတ်သားသားပဲ ဝေဖန်ခဲ့ပါတယ်။


ဒါပေမယ့်ဗျာ - ကျွန်တော်တို့ ဝေဖန်တာက တိုင်းဖျက်၊ ပြည်ဖျက် လုပ်တာ မဟုတ်ပါဘူး။ တိုင်းပြည်ကို အမြန်ဆုံး တည်ငြိမ်အေးချမ်းစေချယ်တယ်။ အကြမ်းဖက်လှုံ့ဆော်သူတွေ၊ အကြမ်းဖက်သမားတွေကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်စေချင်တယ်။ လိုရင်းကတော့ ဒါပါပဲ။ နိုင်ငံတော်ရဲ့ လုပ်ပိုင်ခွင့်အရ ဆောင်ရွက်တဲ့ လုပ်ငန်းစဉ်တွေကို အဟန့်အတားဖြစ်အောင် အနှောက်အယှက်ဖြစ်အောင်တော့ မလုပ်နိုင်ပါဘူး။ လုပ်လည်း မလုပ်ခဲ့ပါဘူး။ မလွှတ်သင့်ဘူးလို့ ထောက်ပြခြင်းဟာလည်း သူတပါးကို အတိဒုက္ခရောက်စေချင်လို့ ဆိုတဲ့ အရည်ရွယ်ချက်မပါဘူး။ သူတို့ကြောင့် အတိဒုက္ခရောက်ရသူတွေ များလွန်မက များနေပြီဆိုတာကို ထောက်ပြပြောဆိုခြင်းသာ ဖြစ်ပါတယ်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လွတ်ငြိမ်းပေးတဲ့ လုပ်ငန်းစဉ်တွေကိုလည်း ကျွန်တော်ထောက်ခံခဲ့ဖူးပါတယ်။ ဘယ်လို ရှုထောင့်က ထောက်ခံတာလဲလို့ မေးရင် နီပိန်းအစိုးရ (NLD အစိုးရ) လက်ထက်မှာ သူတို့ပါတီကို ထောက်ခံမှ ပြည်သူ အခြားပါတီအဖွဲ့အစည်းကို ထောက်ခံသူ မှန်သမျှ အစွန်းရောက်၊ တိုင်းဖျက်ပြည်ဖျက် တံဆိပ်ကပ်ပြီး ထောင်ထဲ ထိုးထည့်ဖို့ပဲ စဉ်းစားနေတာလေ။ ဖော်ပြပါ အနုပညာရှင်ကြီးများလည်း အလိုတူ အလိုပါတွေပဲ။ အမျိုးသားရေးလှုပ်ရှားတဲ့ ဘုန်းကြီးရော၊ လူရော ထောင်ထဲထိုးထည့်၊ ထိုးနှက်တိုက်ခိုက် စော်ကားတဲ့ စကားလုံးတွေကလည်း ရစရာ မရှိဘူး။ သို့ပေသော် နစကသည် သူတို့ကို ထောက်ခံသည့် ပြည်သူဖြစ်စေ၊ မထောက်ခံသည့် ပြည်သူ ဖြစ်စေ ကျောသား၊ ရင်သား မခွဲခြားဘဲ ပြည်သူလို့ မြင်တယ်။ ဒါကြောင့်ထောက်ခံတယ်။ NLD တစ်ဖက်ပိတ်တွေရဲ့ ဒဏ်ကို ၅နှစ်တာ ခံစားပြီးတဲ့အချိန်မှာ ကိုယ်မျှော်လင့်တဲ့ အစိုးရမျိုး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မို့လို့၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မို့လို့ ဆိုတဲ့ ပုဂ္ဂိုလ်ရေး ရှေ့တန်းတင် ထောက်ခံမှုမျိုးမဟုတ်ဘဲ ပြည်သူအားလုံးအပေါ်မှာ ကျောသားရင်းသား မခွဲခြားတဲ့ အစိုးရမျိုးဖြစ်လို့ ထောက်ခံခဲ့ခြင်းဖြစ်ပါတယ်။


လွတ်ငြိမ်းချမ်းသာခွင့်ရတဲ့ အနုပညာရှင်ဆိုသူကြီးများ ခင်ဗျားတို့ နှဖူးပေါ်လက်တင်ပြီး စဉ်းစားကြည့်ပါလား။ ငါတို့ ထောက်ခံတဲ့ ပုဂ္ဂိုလ်ကြီး လက်ထက်မှာ အဲဒီလို အခြားသော ပါတီအဖွဲ့အစည်းဝင်တွေအပေါ် ငဲ့ညှာခဲ့တာ၊ ထောက်ထားစာနာခဲ့တာ ရှိသလား။ မရှိဘူး။ ခင်ဗျားတို့ ကိုယ်တိုင်လည်း မရှိစေချင်ခဲ့ဘူး။ မေမေ အီးပေါက်ရင်တောင် မွှေးတယ်လို့ သံယောင်လိုက်ပြီး ဘုန်းကြီးကို ထောင်ထဲထည့်လည်း ခင်ဗျားတို့ ဝမ်းသာနေကြတာပါ။


အခု ခင်ဗျားတို့ကို ပြောမယ်ဗျာ - 

ခင်ဗျားတို့တွေသည် နီပိန်း အရင့်အမာကြီးတွေမှန်း နစက အစိုးရက သိတယ်။ သူတို့ကို မထောက်ခံမှန်းလည်း သိတယ်။ ဒါပေမယ့် ခင်ဗျားတို့ အတိဒုက္ခရောက်အောင်သူတို့က မလုပ်ဘူး။ ခင်ဗျားတို့ ကျေးဇူးမတင်သင့်ဘူးလား။ လူငယ်တွေကို လမ်းမှေားရောက်အောင်တွန်းပို့တဲ့ ပြောဆိုရေးသားမှုတွေ ပလူပျံအောင် ရေးခဲ့ကြတယ်။ ဝန်ထမ်းတွေ ဘဝပျက်အောင် CDM ဝင်ဖို့ အိမ်ထဲဝင်မပြောရုံတမယ် ခင်ဗျားတို့ လှုံ့ဆော်ခဲ့ကြတယ်။ ခင်ဗျားတို့ ကျေးဇူးရှိသူကို ကျေးဇူးတင်ကြောင်း စာလေးတစ်ကြောင်း ရေးဖို့တောင် စွန့်အနေတယ်။ နစကကို ကျေးဇူးမတင်ချင်ဘူးဆိုရင်လည်း မတင်နဲ့ဗျာ။


ခင်ဗျားတို့ကို တစ်ခုလောက် တောင်းဆိုချင်တယ်။ ခင်ဗျားတို့ကို မပြောမီ ပြန်ကြားရေးဒုဝန်ကြီးနဲ့ အင်တာဗျူးစဉ်က ဒုဝန်ကြီး ပြောတဲ့ စကားလေးတစ်ခွန်း အမှတ်ရလို့ " အရှက်ရတာထက်စာရင် တစ်သက်လုံး နောင်တရနေမှာက ပိုဆိုးတယ်" ဆိုတဲ့ ဖြစ်ရပ်လေးတစ်ခုပေါ့။ ဂျပန်နိုင်ငံ ကမ်းခြေတစ်ခုမှာ အပန်းဖြေနေကြရင်း ကလေးမလေးတစ်ယောက်က ပင်လယ်ရေမျက်နှာပြင်ရဲ့ အခြေအနေကို ကြည့်ပြီး နာရီပိုင်းအတွင်း ဆူနာမီကျရောက်တော့မယ်။ သူတို့က စာထဲမှာ သင်ထားတာနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေကို ကြည့်ပြီး ကလေးမလေးက သူ့အဖေကို "အဖေ ဆူနာမီ ကျရောက်တော့မယ်၊ လူတွေကို ဘေးလွတ်ရာ ရှောင်ခိုင်းပါ" လို့ ပြောတော့ ဖခင်ဖြစ်သူကလည်း ကလေးစကားကို ရယ်သွမ်းသွေးတာပေါ့။ ဟုတ်လိမ့်မယ်လို့လည်း မထင်ဘူး။ သမီးဖြစ်သူကလည်း တဖွဖွတိုက်တွန်းနေတယ်။ အဖေဖြစ်သူက စဉ်းစားတယ်။ ငါ့သမီး ပြောသလို မဖြစ်ရင်တော့ ငါအရှက်ကွဲမှာပဲ။ ငါ့ကို လူတွေက လှောင်ပြောင်ကြမှာပဲ။ ငါ့သမီး ပြောတဲ့အတိုင်း ဖြစ်လာခဲ့သော် လူပေါင်းများစွာ သေဆုံးပြီး ငါ့တသက်လုံး နောင်တရစရာ ဖြစ်နေလိမ့်မယ်လို့ တွေးပြီး "အရှက်ကွဲတာထက် စာရင် တစ်သက်လုံးနောင်တရနေမှာက ပိုဆိုးတယ်" လို့ ဆုံးဖြတ်ပြီး အားလုံးကို ဆူနာမီ ကျရောက်တော့မယ်။ ဘေးလွတ်ရာကို ရှောင်ကြဖို့ လိုက်အောင်တယ်။ အပန်းဖြေနေသူတွေလည်း စိုးရိမ်ထိတ်လန့်ပြီး ပြေးကြတယ်။ ဘေးလွတ်ရာ တောင်ကုန်းကို ရောက်ပြီး မိနစ်ပိုင်းအတွင်းမှာပဲ ဆူနာမီလှိုင်းလုံးကြီးတွေ တက်လာတယ်။ အော် တော်သေးပေလို့။ ငါ့သမီး ပြောတာကို ငါသာ လိုက်မပြောမိရင် တစ်သက်လုံး နောင်တရလို့ ဆုံးမှာ မဟုတ်ဘူးတဲ့။ 


ဒီသာဓကကို ပမာထားပြီး လွတ်ငြိမ်းရ အနုပညာရှင်ကြီးများကို တောင်းဆိုပါရစေပေါ့ဗျာ -

ခင်ဗျားတို့တွေသည် ငွေကြေးကြောင့်ဖြစ်စေ၊ အခြားသော အခွင့်အရေးတွေကြောင့်ဖြစ်စေ မည်သို့ပင် ဆိုစေ ခင်ဗျားတို့သည် နိုင်ငံရေးလုပ်စားသူတွေရဲ့ လှုံ့ဆော်မှုတွေကို အများပြည်သူကြား ပြန်လည်ဖြန့်ဝေပြီး ပြည်သူတွေကို မှိုင်းတိုက်ခဲ့ကြတယ်။ အခု ခင်ဗျားတို့ရဲ့ မိုးလုံးပြည့်မုသာဝါဒီမှိုင်းမိနေတဲ့ လူငယ်တွေ အကြမ်းဖက်သမားတွေ ဖြစ်နေကြပြီ။ လုပ်ကြံသတ်ဖြတ်မှုတွေ ကျူးလွန်နေကြပြီ။ လူကိုသတ်ဖို့ ဝန်မလေးသလို သံဃာတော်တွေကိုပါ ရက်ရက်စက်စက် သတ်ဖို့ ဝန်မလေးတဲ့ အခြေအနေဖြစ်နေပြီဗျာ။


ဒီလူငယ်တွေ ဒီလို ဖြစ်ကုန်တာ ငါတို့ရဲ့ ပယောဂမကင်းဘူးလို့ ခင်ဗျားတို့ မတွေးမိဘူးလား။ အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူပေါင်း ၂၁၀၀ ကျော်အထိ ခင်ဗျားတို့ ယုံကြည်ထောက်ခံတဲ့ NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေက သတ်ပြီးသွားပြီဗျာ။ အခွင့်သာရင် သတ်နေတုန်းပဲ။ ရပ်တန့်မသွားသေးဘူး။ သူများကို သတ်ဖြတ်ဖို့၊ လုပ်ကြံဖို့ ကြိုးစားရင်းနဲ့ လက်ထဲမိုင်းကွဲပြီး သေရတဲ့ လူငယ်တွေလည်း မနည်းတော့ဘူး။ ခင်ဗျားတို့ရဲ့ လှုံ့ဆော်မှုတွေ၊ ခင်ဗျားတို့ရဲ့ ပေါက်ပန်းလေးဆယ် ဝါဒဖြန့်မှုတွေကြောင့်၊ ခင်ဗျားတို့ ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ပြခဲ့တဲ့ ဇာတ်လမ်းကြီးလေဗျာ။


အခုဗျာ ခင်ဗျားတို့ကို နိုင်ငံတော်က ဘယ်လိုပင် အပြစ်တွေ ကျူးလွန်ခဲ့စေကာမူ ငဲ့ညှာ ထောက်ထားသောအားဖြင့် လွှတ်ပေးတယ်။ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများမှာ ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆိုတဲ့ မှတ်ချက်လေးတောင် ပါသေးတယ်။ ကျွန်တော် တောင်းဆိုချင်တာက အခြားမဟုတ်ဘူး။ ခင်ဗျားတို့တွေ လူငယ်တွေကို အကြမ်းဖက်သမားများ ဖြစ်အောင် သွေးထိုးလှုံ့ဆော်ခဲ့ကြတယ်၊ အခု အကြမ်းဖက်သမားတွေဖြစ်နေပြီ။ အကြမ်းဖက်သင်တန်း တက်ရင်းက မူးယစ်ဆေးရဲ့ သားကောင်တွေဘဝ ရောက်နေကြပြီ။ လူစိတ်မရှိတော့တဲ့ အကြမ်းဖက်သမားစိတ်နဲ့ သံဃာပါ သတ်ဖို့ ဝန်မလေးတဲ့ အခြေအနေမျိုးဖြစ်နေပြီ။ ခင်ဗျားတို့ မကယ်တင်သင့်ဘူးလား။


အခု ခင်ဗျားတို့ အကြမ်းဖက်လှုံ့ဆော်မှုတွေ မလုပ်တော့ဘူး။ နိုင်ငံရေးလုပ်စားသူတွေရဲ့ ဝါဒဖြန့်လှုံ့ဆော်မှုတွေကို ထပ်ဆင့်မဖြန့်ဝေတော့ပါဘူး။ ခံဝန်ထိုးခဲ့ကြပြီမှတ်လား။ ခင်ဗျားတို့ရဲ့ ထင်ပေါ်ကျော်ကြားမှုကို အသုံးပြုပြီး ဘယ်လို အမှားတွေ လုပ်ခဲ့မိတယ်။ လူငယ်တွေအနေနဲ့ ဆက်မမှားကြတော့ဖို့ ခင်ဗျားတို့ရဲ့ Follower များပြာလှတဲ့ facebook page တွေကနေ ပြောပြပေးပါလား။ မေတ္တာရပ်ခံစကားလေးတွေ ပြောပြီး ပြည်သူတွေရဲ့ နေ့စဉ်လူနေမှုဘဝမှာ အကြမ်းဖက်ဘေးအန္တရာယ်ကင်းအောင်၊ အကြမ်းဖက်မှုတွေ မလုပ်ကြတော့ဖို့ ခင်ဗျားတို့ တတ်မြောက်ထားတဲ့ ဒါရိုက်တာပညာ၊ သရုပ်ဆောင်ပညာတွေနဲ့ ဆောင်ရွက်ပေးကြပါတော့လားဗျာ။


တိုင်းဖျက် ပြည်ဖျက် လှုံ့ဆော်ခဲ့ပြီးပြီဗျာ။ ခင်ဗျားတို့ရဲ့ လှုံ့ဆော်မှုကြောင့် အကြမ်းဖက်သမားဖြစ်သူလည်း ဖြစ်၊ အကြမ်းဖက် ခံရလို့ သေသူလည်း သေခဲ့ကြပြီ။ ဆက်မဖြစ်အောင် တိုင်းပြည်တည်ဆောက်ရေးမှာ ခင်ဗျားတို့ တတ်မြောက်ထားတဲ့ ပညာတွေနဲ့ ဆောင်ရွက်ပေးရင်ဖြင့် နိုင်ငံတော်ကို ကျေးဇူးမတင်ရင်နေ၊ နိုင်ငံသားအားလုံးရဲ့ အကျိုးကို ရှေးရှုဆောင်ရွက်ရာ ရောက်ပါတယ်။ အကြမ်းဖက်သမားတွေကိုလည်း ကယ်တင်နိုင်မယ်။ အကြမ်းဖက်ဘေးအန္တရာယ် သင့်နေတဲ့ ပြည်သူတွေလည်း အန္တရာယ်ကင်းသွားမယ်။ ခင်ဗျားတို့ရဲ့ တိုင်းပြုပြည်ပြု စိတ်ဓာတ်ကို မြင်ချင်လွန်းလို့၊ တွေ့ချင်လွန်းလို့ပါ။ ခင်ဗျားတို့ကို ကယ်တင်ခွင့် ပေးထားတယ်။ ခင်ဗျားတို့တွေသည် ရတဲ့အခွင့်အရေးကို အသုံးမချဘဲ ခင်ဗျားတို့တွေရဲ့ လှုံ့ဆော်မှုကြောင့် အကြမ်းဖက်သမားဖြစ်သွားရတဲ့ သူတွေ၊ အကြမ်းဖက်ဘေးအန္တရာယ်သင့်နေရတဲ့ ပြည်သူတွေကို ကြည့်နေရက်တယ်ဆိုရင်တော့ ခင်ဗျားတို့ တစ်သက်လုံး နောင်တရနေကြလိမ့်မယ်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)