ပဲခူးမြို့နယ်တွင်နွေရာသီအားကစားသင်တန်းများ(အခမဲ့) ဖွင့်လှစ်သင်ကြားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့နယ်တွင်နွေရာသီအားကစားသင်တန်းများ(အခမဲ့) ဖွင့်လှစ်သင်ကြားပေး


MNP - မတ်   ၂၉

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီအားကစားသင်တန်းများကို ပဲခူးတိုင်းဒေသကြီး မိုးလုံလေလုံအားကစားခန်းမ၌ မတ်လ ၂၄ ရက်နေ့မှ ဧပြီလ ၄ ရက်နေ့အထိ အခမဲ့ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် ကျောင်းသား/ ကျောင်းသူ၊ လူငယ်/ လူရွယ်များ အားကစားကို စိတ်ပါဝင်စားပြီး အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျန်းမာကြံ့ခိုင်စေရန်နှင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ ကရာတေးဒို၊ Fitness Dance အေရိုးဗစ်၊ ရိုးရာခြင်း၊ မြန်မာ့သိုင်း၊ ပြေးခုန်ပစ်၊ ဘက်စကက်ဘော စသည့် အားကစားနည်းပညာများကို ပဲခူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူ (၄၄၂)ဦး တက်ရောက်လျက်ရှိကြောင်း အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေလင်းဦးထံက သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)