MNP - မတ် ၂၈
မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း နွေရာသီကာလ သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက် ပြည်နယ် မီးသတ်ဦးစီးဌာန၏ စီမံဦးဆောင်မှုဖြင့် ခရိုင်မီးသတ်ဦးစီးဌာနမှ ရေရှားပါးရာ ဒေသများသို့ သောက်သုံးရေ ပေးဝေမှု ပြည်သူ့အကျိုးပြု လုပ်ငန်းများကို လိုက်လံ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
"သထုံခရိုင် လေးမြို့နယ်လုံးက ရေအခက်အခဲဖြစ်တဲ့နေရာတွေကို လိုက်ပြီး ကူညီပေးတာပါ။ ထပ်ပြီးလည်း လိုတဲ့နေရာတွေကို ကူညီဖို့ရှိပါတယ်" ဟု သထုံခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးအောင်ကြင်ထွန်းက ပြောသည်။
သထုံခရိုင်အတွင်းရှိ သထုံ၊ ကျိုက်ထို၊ ဘီးလင်းနှင့် ပေါင်မြို့နယ်တို့ရှိ ရေရှားပါးရာ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ မြို့နယ်အလိုက် မီးသတ်ဦးစီးဌာနမှ ရေသယ်ယာဉ်များဖြင့် အများသုံး ရေကန်များအတွင်း လိုက်လံဖြည့်ဆည်းပေးခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ်များသို့ သွားရောက်ကာ ရေဖြန့်ဖြူးပေးခြင်း စသည့် ပြည်သူ့အကျိုးပြု သောက်သုံးရေ လှူဒါန်းပေးဝေမှု လုပ်ငန်းများကို မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ လိုက်လံ ဆောင်ရွက် ပေးနေလျက်ရှိကြောင်း သိရသည်။
သတင်း - ကိုကိုဦး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment