မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်အခန်းများ ပြင်ဆင်ထားမှု စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်အခန်းများ ပြင်ဆင်ထားမှု စစ်ဆေး

 



MNP - မတ်    ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ မတ်လ ၃၁ ရက်နေ့မှ စတင်ဖြေဆိုမည့် တက္ကသိုလ်ဝင်စာမေးပွဲအခန်းများ ပြင်ဆင်ထားမှုကို စစ်ဆေးခဲ့သည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်က စာမေးပွဲဖြေဆိုသည့် ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် လုံခြုံရေးအဖွဲ့များဖြင့် တာဝန်များခွဲဝေချထားမှု၊ လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်ထားရှိမှု၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထောက်ပံ့ထားရှိမှုများနှင့် ကျန်းမာရေးအခက်အခဲများဖြစ်ပေါ်ပါက ဆောင်ရွက်ပေးနိုင်ရန်အတွက် ကျန်းမာရေးဝန်ထမ်းများ တာဝန်ချထားမှုတို့ကို တိကျစွာဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့သည်။

မိုင်းရယ်မြို့နယ်အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၈၅)ဦးရှိပြီး စာမေးပွဲဖြေဆိုမည့်အခန်း(၃)ခန်း၊ အရေးပေါ်စာဖြေခန်း (၂)ခန်းနှင့် ဆေးရုံတွင် စာဖြေခန်း(၁)ခန်းဖြင့် ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

သတင်း - ကျော်ဇင်ထိုက်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)