(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရမ်းဗြဲမြို့နယ်၌ ရေမီတာစနစ်ဖြင့် အိမ်တိုင်ရာရောက် ရေပေးရေး ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရမ်းဗြဲမြို့နယ်၌ ရေမီတာစနစ်ဖြင့် အိမ်တိုင်ရာရောက် ရေပေးရေး ဖွင့်ပွဲကျင်းပ

 


MNP -  မတ်  ၂၆

(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာရေးနှစ (၆)လ ဘတ်ဂျက်တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့သော ထိန်တွေကျေးရွာ တဖက်ပိတ်ဆည်မှ ရေမီတာစနစ်ဖြင့် အိမ်တိုင်ရာရောက် ရေပေးရေးဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ၎င်းကျေးရွာ မုခ်ဦးရှေ့၌ ကျင်းပခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် ကျောက်ဖြူခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်သက်ဦးက အဖွင့်အမှာစကားပြောကြားပြီး  ရမ်းဗြဲမြို့နယ် ကျေးလက်ဦးစီးမှူး ဦးအောင်ထွန်းက လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအကြောင်း ရှင်းလင်းပြောကြားကာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ခင်ဝင် က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ရေမီတာစနစ်ဖြင့် အိမ်တိုင်ရာရောက် ရေပေးရေးမုခ်ဦးကို ခရိုင်ဦးစီးမှူး ဦးအောင်သက်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ဦးခင်မောင်သန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးလွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယခုဖွင့်လှစ်သော ထိန်တွေကျေးရွာ တဖက်ပိတ်ဆည်မှ ပိုက်လိုင်းသွယ်တန်းပြီး ရေမီတာစနစ်ဖြင့် အိမ်တိုင်ရာရောက် ရေပေးရေးဆောင်ရွက်ခြင်း လုပ်ငန်းအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ၅၆ ဒသမ ၁၁၁ ကျပ်သန်း ဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး အိမ်ခြေ(၁၃၃)အိမ်၊ လူဦးရေ(၇၃၄)ဦးတို့အား သောက်သုံးရေများကို အဆင်ပြေစွာဖြင့် (၂၄)နာရီပတ်လုံး သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရမ်းဗြဲမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာရေးနှစ် (၆)လ ဘတ်ဂျက်တွင် ကျေးလက်ရေပေး လုပ်ငန်းများ အဖြစ် ကျေးရွာ(၁၀)ရွာတွင် ပြည်ထောင်စုနှင့် ပြည်နယ် ရန်ပုံငွေ ၃၅၆ ဒသမ ၂၉၃ ကျပ်သန်းဖြင့် တဖက်ပိတ်ဆည်မှ ပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းနှစ်ခု၊ မြေသားရေကန်လေးကန်၊ စိမ့်စမ်းသွယ်တန်းခြင်း နှစ်ခု၊ ရေစုကန်(၆)ကန်တို့အား ဆောင်ရွက်ပေးနိုင်ခဲ့ပြီးအိမ်ခြေ(၁၀၁၄)အိမ်၊ လူဦးရေ(၄၈၅၁)ဦးတို့အား အကျိုးပြုခံစားရမည်ဖြစ်ကြောင်း သိရသည်။

သတင်း - တင်ထွန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)