
MyanmarNationalPost

News Agency

Breaking





MNP - မတ်  ၃၀

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၌  မတ်လ(၃၁)ရက်မှ ဧပြီလ(၉)ရက်နေ့ထိ ကျင်းပသွားမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စာမေးပွဲဖြေဆိုခန်း၊ လုံခြုံရေးနေရာ၊ ကျန်းမာရေးစောင့်ရှောက်ခန်းနှင့် မီး၊ ရေအဆင်ပြေစေရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ကော်မတီဝင်များက ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ဖားဆောင်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၊ စာစစ်ဌာနတွင်  တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခန်း(၂)၊ အရန်ခန်း(၂)ခန်းထားရှိပြီး တစ်ခန်းလျှင်(၃၀)ဦးဖြေဆိုမည်ဖြစ်ပြီး ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများမှ ကိုဗစ်-၁၉ (positive)ရှိလာပါက ဖြေဆိုရန်အတွက် သီးသန့်အခန်းပြင်ဆင်ထားကြောင်းနှင့် ကျန်းမာရေးမကောင်း၍ ဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူများအတွက်လည်း မြို့နယ်ပြည်သူ့ဆေးရုံတွင် စာဖြေဆိုရန် သီးသန့်ခန်းပြင်ဆင်ထားရှိကြောင်း သိရှိရသည်။

ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် ကျောင်းအပြင်ပတ်လည်တွင် လုံခြုံရေးနေရာထားကာ မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်စာရေးများ၊ ဌာနဆိုင်ရာများမှ လုံခြုံရေးကြီးကြပ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုကို မြို့နယ်ကျန်းမာရေးဌာနမှဝန်ထမ်းများက အနီးကပ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း - နန်းသဲနုအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)