ဆင်ပေါင်ဝဲမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်း အဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆင်ပေါင်ဝဲမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်း အဝေးကျင်းပ



MNP - မတ်    ၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသိန်းဇော်ဦးမှ ဆင်ပေါင်ဝဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ယခုလိုအစည်းအဝေး ခေါ်ယူရခြင်း ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးအဖွဲ့(၁၀)ဖွဲ့ ဖွဲ့စည်းပေးထား ပြီးဖြစ်ကြောင်း၊ အဆိုပါ အဖွဲ့များအ‌နေဖြင့်ရပ်ကွက်/ကျေးရွာများ အရောက်ကွင်းဆင်း၍ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများအား တစ်အိမ်တက်တစ်အိမ်ဆင်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ရပ်ကွက်/ကျေးရွာစာရေးများအား ကာကွယ်ဆေးမထိုးနှံရသေးသောစာရင်းများအား ကြိုတင် ကောက်ထားရန် မှာကြားထားပြီး ဖြစ်ကြောင်း၊ လုပ်ငန်းများအဆင်ပြေစေရေးအတွက် ကားများ အစီအစဉ်ဆွဲပေးသွားမည်ဖြစ်ကြောင်း၊ တာဝန်ပေးထားသောအဖွဲ့များအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးရေး အထူးအလေး ထားဆောင်ရွက်ပေး ကြရန်လိုအပ် ကြောင်း စသည်ဖြင့် ဆွေးနွေးသွားပါသည်။

ထို့နောက်အစည်းအဝေးသို့တက်ရောက်လာသော ဌာနဆိုင်ရာများမှ ဆောင်ရွက်ရမည့်လုပ်ငန်း စဉ်များအား တင်ပြခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များအား ပြန်လည် ဆွေးနွေးခဲ့ကာ အစည်းအဝေးကိုရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

သတင်း - နိုင်လင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)