အုတ်တွင်းမြို့နယ် ဂုံမင်းဒါကျေးရွာအုပ်စု၊ သပြေတန်းကျေးရွာတွင် ဆိုလာစနစ်ဖြင့် ကျေးလက်ရေရရှိရေး လုပ်ငန်းဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အုတ်တွင်းမြို့နယ် ဂုံမင်းဒါကျေးရွာအုပ်စု၊ သပြေတန်းကျေးရွာတွင် ဆိုလာစနစ်ဖြင့် ကျေးလက်ရေရရှိရေး လုပ်ငန်းဖွင့်ပွဲ အခမ်းအနားကျင်းပ



MNP - မတ်    ၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန မှ ၂၀၂၁-၂၀၂၂ခုနှစ်၊ (၆) လဘဏ္ဍာနှစ် တွင်ဂုံမင်းဒါကျေးရွာအုပ်စု၊ သပြေ တန်းကျေးရွာတွင် သောက်သုံးရေ ဖူလုံစွာရရှိစေရန် ရည်ရွယ်၍ ဆိုလာစနစ်ဖြင့် ကျေးလက်ရေရရှိ လုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ပိုင်းက  ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ် ဂုံမင်းဒါကျေးရွာအုပ်စု၊ သပြေတန်းကျေးရွာ၌ အကျယ်လေးလက်မ၊ အနက် ပေ (၄၀၀) အဝီစိတွင်း၊ ရေဂါလံ (၁၀၀၀) ဆံ့ ရေလှောင်ကန်ဆောင်ရွက်ခြင်း တို့ကို  ၂၀၂၁ - ၂၀၂၂ ခု ခြောက်လ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေကျပ်သန်း ၁၀  ဒသမ ၄၇၈ ဖြင့်  ဆောင်ရွက်လျက်ရှိပြီး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာနတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)