တံတားဦးမြို့နယ် မြင်စိုင်းအခြေခံပညာ မူလတန်းလွန်းသို့ အားကစားဆိုင်ရာ အသိပညာပေးဟောပြောပြီး အားကစားပစ္စည်းများ လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားဦးမြို့နယ် မြင်စိုင်းအခြေခံပညာ မူလတန်းလွန်းသို့ အားကစားဆိုင်ရာ အသိပညာပေးဟောပြောပြီး အားကစားပစ္စည်းများ လှူဒါန်း



MNP - မတ်   ၂

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်းပြီး တံတားဦးမြို့နယ် မြင်းစိုင်းကျေးရွာ အခြေခံပညာမူလတန်းလွန် ကျောင်းတွင် ယမန့်နေ့ မွန်းလွဲပိုင်းက အဆိုပါကျေးရွာ မူလတန်းလွန် ကျောင်း၌ အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပြီး အားကစားပစ္စည်းများ လှူဒါန်းကြောင်းသိရသည်။

အဆိုပါအသိပညာပေး ဟောပြောပွဲတွင် တံတားဦးမြို့နယ် မြင်းစိုင်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီနိုင်က အမှာစကားပြောကြားပြီး မြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ငယ်ငယ်ထွန်းက အားကစားဆိုင်ရာ အသိပညာပေးဟောပြောရာတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပြည်သူ လူထုအတွင်း အားကစားစိတ်ဓါတ်၊ အားကစားဆိုင်ရာ အသိပညာ ပြန့်ပွားရေးအတွက် လူထုပညာပေးစည်းရုံးရေးလုပ်ငန်းများ စီမံဆောင်ရွက်နိုင်ရန်၊ ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပနိုင်ရန်၊ လူငယ်မျိုးဆက်သစ် အားကစားသမားများ လေ့ကျင့်ပြုစုပျိုးထောင်ရန်၊ အားကစားပြုလုပ်ခြင်းဖြင့် စည်းကမ်းကောင်းမွန်ပြီး အရည်အသွေးမြင့်မားသော လူငယ်လေးများ ပေါ်ထွန်းလာရေးအတွက် ရည်ရွယ်၍ အသိပညာပေးဟောပြောခြငသ်းဖြစ်ကြောင်း ပြောကြားပြီး အားကစားဆိုင်ရာ အထောက်အကူပြု ပစ္စည်းများဖြစ်သော ဘောလုံး၊ ဘော်လီဘောနှင့် ပိုက်ကျော်ခြင်းလုံးတို့ကို ပေးအပ်လှူဒါန်းရာ ကျေးရွာကျောင်းအုပ် ဆရာမကြီးက လက်ခံရယူခဲ့ကြောင်း သိရသည်။

သတင်း - ရဲတင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)