ထားဝယ်မြို့တွင်အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထားဝယ်မြို့တွင်အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ









MNP - မတ်    ၉

“စဉ်ဆက်မပြတ်တိုးတက်ဖို့ ကျား/မတန်းတူညီမျှစို့”ဟူသောဆောင်ပုဒ်နှင့်အညီ ၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီး များနေ့အထိမ်းအမှတ်အခမ်းအနားကို  ယနေ့နံနက် ၁၀ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ကိုယ်စားလူမှုရေးရာဝန်ကြီးဦးယဉ်ထွေး က  နိုင်ငံတော်အစိုးရသည် အမျိုးသမီးများ၏ဖွံ့ဖြိုးတိုးတက်ရေးကိုတက်ကြွစွာဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီကို၁၉၉၆ ခုနှစ်တွင်ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ ကော်မတီအနေဖြင့် မြန်မာအမျိုးသမီးထုကြီးအားလုံး၏ အခွင့်အရေး များ အပြည့်အဝရရှိခံစားနိုင်စေရေး၊ နိုင်ငံတကာနှင့်ထားရှိသော ကတိကဝတ်များ၊ စီမံချက်များကို အကောင်အထည်ဖော် နိုင်ရန်အတွက် ဆက်စပ်ဝန်ကြီးဌာနများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများပါဝင်သော  မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီကို အစိုးရ၏ ခေတ်စနစ်များ ပြောင်းလဲလာသည်နှင့်အညီ ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊ တိုင်းဒေသကြီးအမျိုးသမီး ကော်မတီအနေဖြင့် အမျိုးသမီးများနှင့်အမျိုးသားကြား  လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှုများအပေါ်အခြေခံ ပြီး ဖြစ်ပေါ်လာသော နောက်ဆက်တွဲသားဖျက်ခြင်း၊ မွေးကင်းစကလေးများစွန့်ပစ်ခြင်းမှကာကွယ်တားဆီးရေးလှုပ်ရှားမှု အစီအစဉ်များကို ထိထိရောက်ရောက်ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် အမျိုးသမီးရေးတက်ကြွစွာ လှုပ်ရှားနေသော ပြည် တွင်းအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာအမျိုးသမီးများသည် မြန်မာ့သမိုင်းတစ်လျှောက် အမျိုး,သားရေးစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်နှင့်ပြည်ထောင်စု စိတ်ဓာတ် ထွန်းကားပြန့်ပွားအောင်စံနမူနာအဖြစ်ကြိုးပမ်းရာတွင်လည်းကောင်း၊ မြန်မာ့လူ့ဘောင်ရှင်သန်ဖွံ့ဖြိုး တိုးတက်မှုကိုဆောင် ရွက်ရာတွင်လည်းကောင်း၊ နောင်တစ်ခေတ်၏ခေါင်းဆောင်များဖြစ်သောမျိုးဆက်သစ်လူငယ်များကို ပြုစုပျိုးထောင်ပေးရာ တွင်လည်းကောင်းကျရာတာဝန်များကိုကျေပွန်စွာပါဝင်ဆောင်ရွက်လျက်ရှိကြသော မြန်မာအမျိုး သမီးထုကြီး၏ စွမ်းပကား ကိုယခုလို အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ဂုဏ်ပြုမှတ်တမ်းတင်နိုင်ခြင်းသည် မြန်မာအမျိုးသမီးတိုင်း အတွက် အထူးဂုဏ်ယူကျေနပ်အားရဖွယ်ဖြစ်ပါကြောင်းပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီးအမျိုးသမီးကော်မတီအတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးထွန်းထွန်းဝင်း က အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်ချက်များအားရှင်းလင်းပြောကြားပြီး မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်လေးများ က မင်္ဂလာပါသီချင်းဖြင့်လည်းကောင်း၊ ကိုယ်ကာယအလှဖြင့်လည်းကောင်း၊ ကျေးဇူးတင်ပါတယ် သီချင်းဖြင့်လည်းကောင်းဖျော်ဖြေတင်ဆက်ကြရာ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေး နှင့်တက်ရောက်လာသောဧည့်သည်တော်များ က ကြည့်ရှု့အားပေးခဲ့ကြကြောင်းသတင်းရရှိသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)