ရခိုင်ပြည်နယ် မောင်တောမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်အား ကျောင်းသား/သူများ တည်ငြိမ်အေးချမ်းစွာ ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်အား ကျောင်းသား/သူများ တည်ငြိမ်အေးချမ်းစွာ ဖြေဆို









MNP ၊ မတ်  ၃၁

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပလျှက်ရှိသော ၂၀၂၂ ပညာသင်နှစ်  တက္ကသိုလ်ဝင်စာမေးပွဲအား ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ၊ အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်း နှင့် တောင်ပြိုလက်ဝဲ စာစစ်ဌာန သုံးခု ဖွင့်လှစ်လျှက် ၂၀၂၀ ပြည့်နှစ် မတ်လ (၃၁)ရက်နေ့ နံနက် ၉ နာရီ အချိန်မှ မွန်းတည် ၁၂ နာရီ အချိန်ထိ ကျင်းပခဲ့ရာ ပထမ နေ့ မြန်မာစာ ဘာသာရပ်အား ကျောင်းသား/ သူ များ တည်ငြိမ်အေးချမ်း စွာ ဖြေဆိုခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးနေဦး နှင့်အဖွဲ့ဝင်များ ၊ခရိုင်ပညာရေးမှူး နှင့် တာဝန်ရှိသူများက စာစစ်ဌာနများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။ 

ယင်းသို့ ဖြေဆိုရာတွင် မောင်တောမြို့၌ ဖြေဆိုရန် စာရင်းရှိ ကျောင်းသား/သူ ဦးရေ (၁၄၃၆)ဦး ရှိသည့် အ နက် ဝင်ရောက် ဖြေဆိုသူပေါင်း ကျား(၈၄၃)ဦး နှင့် မ(၄၅၃)ဦး ပေါင်း(၁၂၉၆) ဦးရှိပြီး ဖြေဆိုမှုပျက်ကွက်သူ ကျား (၁၀၉) ဦး၊မ  (၃၁)ဦးပေါင်း (၁၄၀)ဉီး ဖြေဆိုရန်ပျက်ကွက်ခဲ့ကြသဖြင့် ဖြေဆိုမှု ရာခိုင်နှုန်းမှာ (၉၀.၂၅)ဖြစ်ရာ ပျက်ကွက် ရာခိုင် နှုန်းမှာ(၉.၇၅)ဖြစ်ကြောင်းရှိရသည်။ ပထမနေ့ မြန်မာစာ ဘာသာရပ် ဖြေဆိုမှုနှင့်  ပတ် သတ် ၍ မောင်တောမြို့ အ.ထ.က (၂) ကျောင်း မှ အ.ထ.က(၁) စာစစ်ဌာနတွင် ဖြေဆိုသူ   ကျောင်းသားတစ်ဦးမှ ဒီနေ့  ပထမနေ့ မြန်မာစာ ဘာသာရပ်ကို ဖြေ ဆိုရတာ ဖြေဆိုနိုင်ပါတယ်၊  ဒီနေ့ ဘာသာရပ်က အားလုံး ဖြေနိုင်ကြလိမ့်မေလို့ ကျွန်တော် ထင်ပါတေ ဟု မှတ်ချက်ပြု ပြောကြားခဲ့သည်။


သတင်း - သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)