တောင်ဥက္ကလာပမြို့နယ် ရည်ညွှန်းစာကြည့်တိုက်သို့ စာအုပ်များလာရောက်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ဥက္ကလာပမြို့နယ် ရည်ညွှန်းစာကြည့်တိုက်သို့ စာအုပ်များလာရောက်လှူဒါန်း



MNP - မတ်    ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၆)ရပ်ကွက်၊ ရည်ညွှန်းစာကြည့်တိုက်တွင် အများပြည်သူစာပေ ဗဟုသုတ ဖတ်ရှုလေ့လာနိုင်ရန်အတွက် သုတ၊ ရသစာအုပ်များ လှူဒါန်းခြင်းကို ယမန်နေ့နံနက်(၁၁:၀၀)နာရီအချိန်က အဆိုပါ ရည်ညွှန်း စာကြည့်တိုက်သို့ လာရောက်လှူဒါန်းကြောင်း သိရသည်။

စာအုပ်လှူဒါန်းမှုတွင် အမှတ်(၈)ရပ်ကွက် သစ္စာဥယျာဉ် အိမ်ယာနေ ဒေါ်ခင်မြမွန်မိသားစုမှ အများပြည်သူစာပေဗဟုသုတ ပိုမိုလေ့လာ ဖတ်ရှုနိုင်ရန်အတွက် တောင်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်း ရည်းညွှန်းစာကြည့်တိုက်သို သုတ၊ရသစာအုပ်စုစုပေါင်း (၁ဂဝ)အုပ်ကို လာရောက် လှူဒါန်းရာ တောင်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းနာယက ပန်းချီဆရာကြီး ဦးစိုးမြင့်ဒွဏ်းနှင့် စာကြည့်တိုက် ကော်မတီအတွင်း ရေးမှူးဆရာမောင်ယဉ်ဝေတို့မှ လက်ခံခဲ့ပြီး ယခုလှူဒါန်းမှုမှာ ဒုတိယအကြိမ်မြောက် လာရောက်လှူဒါန်းခဲ့ကြောင်း သိရပါသည်။

သတင်း - ခင်ဆွေနှင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)