စစ်တွေမြို့၊ လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်ထားသောနွေရာသီအခြေခံသင်တန်းမှလူငယ်များ စိတ်ဝင်စားစွာ စာအုပ်စာပေဖတ်ရှုလေ့လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်တွေမြို့၊ လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်ထားသောနွေရာသီအခြေခံသင်တန်းမှလူငယ်များ စိတ်ဝင်စားစွာ စာအုပ်စာပေဖတ်ရှုလေ့လာ



MNP ၊  မတ် ၃၁

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ လူထုအ‌ခြေပြုဗဟိုဌာနတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားမန်ကရာတေးဒိုအသင်းတို့ပူးပေါင်းဖွင့်လှစ်ထားသော ဒုတိယမြောက်နေ့နွေရာသီအခြေခံကရာတေးဒိုသင်တန်းသို့တက်ရောက်ရန်လာရောက်ကြသော  လူငယ်လူရွယ်များစာဖတ်စွမ်းရည်တိုးပွားစေရေး၊ အားလပ်ရက်များကိုအချိန်အကျိုးရှိစွာအသုံးချတတ်စေရေး၊ စာပေဖတ်ရှုမှုတိုးပွားလာ‌စေရန်နှင့် စာကြည့်တိုက်အသုံးချတတ်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ဒေါ်ခင်ယုယုနွယ်က ရှင်းလင်းဖိတ်ခေါ်ရာ ကရာတေးဒိုသင်တန်းတက်ရောက်ရန် လာကြသူလူငယ်လေးများက စာအုပ်စာပေနှင့် ပြတိုက်ငယ်များအားစိတ်ဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြသည်။


စစ်တွေခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးအနေဖြင့် နွေရာသီကာလလူငယ်များအတွက်သင်တန်းများ၊ ပြိုင်ပွဲများဆက်လက်ကျင်းပပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။


သတင်း - ဇူလိုင်ကြယ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)