ကော့သောင်းမြို့တွင် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ အဆင့်မြှင့်စက်ချုပ် သင်တန်းအမှတ်စဉ်(၃) သင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့သောင်းမြို့တွင် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ အဆင့်မြှင့်စက်ချုပ် သင်တန်းအမှတ်စဉ်(၃) သင်တန်းဆင်းပွဲကျင်းပ




MNP -  မတ်     ၃၁

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ကော့သောင်းမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၏ အဆင့်မြှင့် စက်ချုပ်သင်တန်းအမှတ်စဉ်(၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကော့သောင်းမြို့၊ အေးမြကန်သာရပ်ကွက်ရှိ အဆိုပါသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ရာ တနင်္သာရီတိုင်းဒေသကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီး သိန်းလင်း တက်ရောက်ချီးမြှင့်သည်။

အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး၊နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ညွှန်ကြားရေးမှူး ဦးရန်လင်းအောင်က သင်တန်းဆင်း အမှာ စကားပြောကြားသည်။

ဆက်လက်၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးသိန်းလင်းက ထူးချွန်ဆုရ သင်တန်းသူ  မဝေဝေတင့်(ဘုတ်ပြင်းမြို့) အား ထူးချွန်ဆု ပေးအပ်ချီးမြှင့်၍ သင်တန်း ကျောင်း အုပ် ဒေါ်လေးလေးစံက ကသင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ပြီး သင်တန်းသူတစ်ဦး က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ထို့နောက် သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည်တော်များက ခင်းကျင်းပြသထားသည့် သင်တန်းသူများ၏လက်ရာ အဝတ်အထည်နှင့် လက်မှုအနုပညာ ပစ္စည်းများ အားလိုက်လံကြည့်ရှူ အားပေးပြီး ဝန်ကြီးမှ သင်တန်းကျောင်းနှင့် သင်တန်းဆင်း သင်တန်းသူများအား ထောက်ပံ့ငွေ(၅)သိန်းထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းအား နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ နယ်စပ် ဒေသများ ရှိတိုင်းရင်းသား/သူများလူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ကာ တိုင်းရင်းသူများ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများထူထောင်နိုင်ရန် အသက်မွေးဝမ်းကျောင်း ပညာရပ်များကို လေ့ကျင့်ပေးရန် အိမ်တွင်းအသက်မွေးမှုအတတ်ပညာများ တတ်မြောက်ကာ ဘဝရပ်တည် နိုင်ရေးရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ကာ ယနေ့ပြုလုပ်သည့်သင်တန်းတွင် အဆင့်မြှင့်အိမ်တွင်း မှုစက်ချုပ် သင်တန်းသူ(၃၀)ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကာလ(၄)လကြာပို့ချသင်ကြား ပေးခဲ့ကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုဖြင့် တစ်နိုင်ငံလုံးတွင် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (၄၆) ကျောင်းဖွင့်လှစ်ပေးပြီးဖြစ်ရာ ကော့သောင်းမြို့အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းအနေဖြင့် အခြေခံအိမ်တွင်းမှု သင်တန်း(၈၁)ကြိမ်၊ အဆင့်မြှင့်စက်ချုပ် သင်တန်း(၅၂)ကြိမ်၊ အဆင့်မြှင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း(၂)ကြိမ်၊ အခြေခံအိမ်တွင်းမှု လက်မှုလုပ်ငန်း၊ ကြိမ်/ဝါးသင်တန်း(၄)ကြိမ် ဖွင့်လှစ်ပေးနိုင်ခဲ့ကာ တိုင်းရင်းသူ(၃၂၇၆)ဦးအား အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်း - ကျော်စို

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)