ပြည်သူများ ခရီးသွားလာရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားရှိ/မရှိ စစ်ဆေးခြင်းနှင့်ပတ်သက်၍ မိဘပြည်သူများသို့ အသိပေး ကြေညာချက်များ ရှင်းလင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူများ ခရီးသွားလာရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားရှိ/မရှိ စစ်ဆေးခြင်းနှင့်ပတ်သက်၍ မိဘပြည်သူများသို့ အသိပေး ကြေညာချက်များ ရှင်းလင်းဆွေးနွေး


MNP - မတ်    ၂၉

ခရီးသွားလာ မိဘပြည်သူများအား ခရီးသွားလာရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားရှိ/မရှိကို ဧပြီလ (၁) ရက်မှ သတ်မှတ်ကာလ အတွင်း တာဝန်ရှိသူများမှ စစ်ဆေးရေးဆောင်ရွက်မည့် အကြောင်းအရာများကို ယနေ့နံနက်ပိုင်းက ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ကျွန်းရတနာခန်းမတွင် မိဘပြည်သူများသို့ အသိပေးကြေညာချက်နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား(မှတ်ပုံတင်) စစ်ဆေးဆောင်ရွက်ခြင်းသည် ပြည်သူများ လက်ဝယ်တွင် နိုင်ငံသား စိစစ်ရေးကတ်ပြားရှိ/မရှိကိုသာ သိရှိလို၍ဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားကို ပြည်သူများလက်ဝယ်ရရှိစေရေး၊ နိုင်ငံသား စိစစ်ရေးကတ်မရှိသေးသူများကို ဆောင်ရွက်ပေးနိုင်ရေး၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူပြည်သူများအားလုံး နိုင်ငံသားအခွင့်အရေး ရရှိစေရေးအတွက် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်စေရေး ရည်ရွယ်ချက်ဖြင့် စစ်ဆေးဆောင်ရွက် ခြင်းဖြစ်ကြောင်း သိရသည်။

ရှင်းလင်းဆွေးနွေးပွဲတွင် မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်က ခရီးသွားလာပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြား စစ်ဆေးဆောင်ရွက်ကြမည့်အဖွဲ့သည် စစ်ဆေးဆောင်ရွက်သည့် ရည်ရွယ်ချက်များအတိုင်း ဥပဒေနှင့်အညီဆောင်ရွက် ကြရန် အမှာစကားပြောကြာပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဦးထွန်းဇော်ဦးက မိဘပြည်သူများသို့ အသိပေး ကြေညာချက်နှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးသည်။ ထိုနောက် တက်ရောက်လာ ကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လေကြောင်းလိုင်းနှင့် မော်တော်ယာဉ်လိုင်း တာဝန်ရှိသူတို့က သိလိုသည်များကို မေးမြန်းခဲ့ ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။ 

ဧပြီလ(၁)ရက်မှ စတင်ကာ ခရီးသွားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားရှိမရှိ စစ်ဆေးခြင်းကို သတ်မှတ်ကာလအတွင်း ပညာပေးကာလအဖြစ်စစ်ဆေးသွားမည်ဖြစ်ကာ နိုင်ငံသားကတ်မရှိသူများကို အရေးယူဆောင်ရွက်ခြင်း ပြုလုပ်မည်မဟုတ်ဘဲ ဆက်သွယ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံပိုင်သတင်းဌာနများနှင့် သတင်းစာများမှ ပြည်သူများသို့ အသိပေး ကြေညာချက်ထုတ်ပြန်ခဲ့သည့် မတ်လ(၅)ရက်နေ့မှစ၍ ယနေ့အချိန်ထိ မြိတ်ခရိုင်အတွင်း  သက်ဆိုင်ရာရုံးများတွင် နိုင်ငံသားကတ် မိတ္တူလာရောက်လျှောက်ထားသူ (၆၅၃)ဦးရှိ ကြောင်း သိရသည်။

သတင်း - ခိုင်ထူး 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)