မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနတွင် ရှေးဦးသူနာပြုစုနည်း သရုပ်ပြ သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနတွင် ရှေးဦးသူနာပြုစုနည်း သရုပ်ပြ သင်တန်းဖွင့်လှစ်

 


MNP -  မတ် ၂၆

မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ခရိုင်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ရှေးဦးသူနာ ပြုစုနည်း သရုပ်ပြသင်တန်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အစီအစဉ်အရ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မုံရွာခရိုင်ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက မုံရွာခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ရှေးဦးသူနာပြုစုနည်း သင်တန်းဖွင့်လှစ်ခြင်း အပါအဝင် သင်တန်းများ၊ ပြိုင်ပွဲများ ဖွင့်လှစ်ဆောင်ရွက်နေမှု အခြေအနေတို့ကို ရှင်းလင်းပြောကြားပြီးနောက် မုံရွာခရိုင် ကြက်ခြေနီတပ်ဖွဲ့၊ ခရိုင်တပ်ဖွဲ့မှူး ဦးခင်မောင်ဝင်းက ကြက်ခြေနီ တပ်ဖွဲ့ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းနှင့် မြန်မာနိုင်ငံအနေဖြင့် ကြက်ခြေနီအသင်း စတင်ပေါ်ပေါက်လာပုံ အဆင့်ဆင့်တို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် သင်တန်းသား သင်တန်းသူများအား မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ တာဝန်ခံ ဦးစည်သူထက်က ရှေးဦးသူနာပြုစုနည်း၊ အရေးပေါ် အသက်ကယ်နည်းများ၊ လက်တွေ့ပြုစုနည်းများနှင့် ဘေးအန္တရာယ်ကြုံတွေ့ရပါက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သရုပ်ပြသင်ကြား ပြသပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)