MNP - မတ် ၃၀
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တွင် ပညာရေးဝန်ထမ်းများအား တာဝန်ထမ်းဆောင်ရာ တွင် လုပ်ငန်းစနစ်ကျမှုရှိစေရန် စီမံခန့်ခွဲမှုမွမ်းမံသင်တန်းကို ယနေ့နံနက် ၉ နာရီက အ.လ.က အမှတ် (၃) ကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ စီမံခန့်ခွဲမှုသင်တန်းတွင် ကျိုက်မရောမြို့နယ် ပညာရေးမှူး ဒေါ်စုစုဌေးက အဖွင့် အမှာစကား ပြောကြားရာတွင် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများအနေဖြင့် တာဝန် ထမ်းဆောင်ရာတွင် လုပ်ငန်းစနစ်ကျမှုရှိစေရန်အတွက် ယခုလိုစီမံခန့်ခွဲမှု သင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါသင်တန်းတွင် သင်တန်းနည်းပြ ငါးဦးတို့ကကျောင်း အုပ်ဆရာ၊ ဆရာမကြီးများနှင့် စာရေးဝန်ထမ်းများ စုစုပေါင်း (၁၅၅)ဦးတို့အားစီမံဘာသာရပ်၊ ဘဏ္ဏာရေး ပညာဘာသာရပ်၊ ကွန်ပျူတာ/ICT ဘာသာရပ်တို့ကို တစ်ရက်ကြာ လစဉ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သတင်း - ချိုမြတ်မြတ်ထွေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment