ဗန်းမော်မြို့၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗန်းမော်မြို့၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်



MNP - မတ်   ၂၇

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင်  ဒေသခံပြည်သူများအား အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာ ရရှိခြင်းဖြင့် ကိုယ်ပိုင်စီးပွားရေးနှင့် မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းများ ပေါ်ထွန်းလာစေရန် ဗန်းမော်ခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက ဗန်းမော်မြို့ ‌ပေါက်ကုန်းရပ်ကွက်၊ ရှမ်းဝိုင်းရပ်ရှိ ကက်သလစ် အသင်းတော် စိန်ဂျွန်းဓမ္မာရုံ၌ သင်တန်း(၁ဝ)မျိုးဖြင့် စာတွေ့လက်တွေ့သင်ကြားပေး လျက်ရှိကြောင်း သိရသည်။

လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် ဗန်းမော်ခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်း ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်တင်စိုးက ဌာနအနေဖြင့် ကျေးလက်နေပြည်သူများနှင့် မြို့ပြနေ အခြေခံလူတန်းစားများ၊ ပညာရေးဆုံးခန်းမတိုင်သူ လူငယ်လူရွယ်များနှင့် တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းများကို ထူထောင်နိုင်ရန်အတွက် အသက်မွေးဝမ်းကျောင်း ဆိုင်ရာနည်းပညာသင်တန်းများကို ဖွင့်လှစ်ပို့ချပေးပါကြောင်း၊ ယခုဖွင့်လှစ်သင်ကြားပေးသည့် သင်တန်း(၁၀)မျိုးကို သင်တန်းသူများအနေဖြင့် မိမိတို့ ကိုယ်ပိုင်စီးပွားရေးနှင့် မိသားစုတစ်ပိုင် တစ်နိုင်လုပ်ငန်းများ ဖြစ်ထွန်းလာစေရန် စနစ်တကျ သင်ယူကြစေလိုကြောင်း သင်တန်းအဖွင့်အမှာ စကားပြောကြားသည်။  

ယင်းနောက် သင်တန်းနည်းပြ ဒေါ်မာမာလင်းက လက်ဆေးဆပ်ပြာ၊ ပုဂံဆေးဆပ်ပြာ၊ ဘက်စုံသုံး ဆပ်ပြာ၊ အဝတ်လျော်ဆပ်ပြာ၊ Hand Gel၊ Body Scrub၊ ခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာ၊ မျက်နှာသစ်ဆပ်ပြာခဲနှင့် မှန်ကြည်ဆေး ဖျော်ဆပ်နည်းသင်တန်း(၁ဝ)မျိုးကို မတ်လ ၂၆ ရက်နေ့မှ ၃ဝ ရက်နေ့အထိ သင်တန်းကာလ(၅)ရက်ကြာ  စာတွေ့လက်တွေ့ အခမဲ့သင်ကြား ပေးသွားမည် ဖြစ်ပြီး သင်တန်းတွင် ဗန်းမော်မြို့ ဒေသခံပြည်သူ(၂၃)ဦး တက်ရောက်သင်ယူကြသည်။

ဗန်းမော်မြို့တွင် ၂၀၂၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ဗန်းမော်ခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနရုံးကို စတင်ဖွင့်လှစ်ခဲ့ပြီး ဗန်းမော်ခရိုင်အတွင်းရှိ ဒေသခံပြည်သူများအား အသက် မွေးဝမ်းကျောင်းဆိုင်ရာ ပညာရရှိခြင်းဖြင့် ကိုယ်ပိုင်စီးပွားရေးနှင့် မိသားစုတစ်ပိုင်တစ်နိုင် လုပ်ငန်း များ ပေါ်ထွန်းလာစေရန်၊ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းများကို နိုင်ငံတကာစံနှုန်းများနှင့် အညီ ထုတ်လုပ်နိုင်စေရန်၊ ဒေသသတွင်း ပြည်ပတင်သွင်းကုန်ပစ္စည်းအစား ထိုးလာခြင်းကြောင့် မိမိတို့ နိုင်ငံ အသေးစားစက်စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် နိုင်ငံ၏ စီးပွားရေး အားကောင်းလာပြီး  ငွေကြေးတန်ဖိုးခိုင်မာလာစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း ဆိုင်ရာ အထောက်အကူပြုသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးသွားဖြစ်ကြောင်း သိရသည်။

သတင်း - ကိန်းဖြူ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)