ဆီဆိုင်မြို့နယ်၌ နွေရာသီ ရေရှားပါးသည့်ကျေးရွာများသို့ ရေပြတ်လပ်မှုမရှိစေရေးအတွက် သောက်သုံးရေ ဂါလန် ၁၀၀၀၀ သွားရောက် လှူဒါန်းပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆီဆိုင်မြို့နယ်၌ နွေရာသီ ရေရှားပါးသည့်ကျေးရွာများသို့ ရေပြတ်လပ်မှုမရှိစေရေးအတွက် သောက်သုံးရေ ဂါလန် ၁၀၀၀၀ သွားရောက် လှူဒါန်းပေး



MNP - မတ်    ၂၉

နှစ်စဉ်နှစ်တိုင်း နွေရာသီကာလတွင် သောက်သုံးရေအခက်အခဲကြုံတွေ့နေရသည့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ တောင်ရှေ့ကျေးရွာ အုပ်စု၊ ထီဆုံ(ပေါ်)ကျေးရွာသို့ သောက်သုံးရေပြတ်လပ်မှုမရှိစေရေးနှင့် သောက်ရေဖူလုံစွာ သုံးစွဲနိုင်ရေး အတွက် ကျေးရွာအရောက် သောက်ရေများသွားရောက် လှူဒါန်းပေးခြင်းကို မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယမန်နေ့ နံနက် ၉ နာရီက သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

သောက်သုံးရေ သွားရောက်လှူဒါန်းပေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီမှူး ဒေါ်အိအိခင်နှင့် ဝန်ထမ်းများက တောင်ရှေ့ကျေးရွာအုပ်စု၊ ထီဆုံ(ပေါ်) ကျေးရွာရှိ အိမ်ခြေ(၇၂)၊ လူဦးရေ(၄၁၂)ဦးအတွက် သောက်သုံးရေအဆင်ပြေစေရန် ရေဂါလန် ၁၀၀၀၀ ဆန့် ရေသယ်ယာဉ်တစ်စီးဖြင့် စနစ်တကျ ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 သတင်း - မျိုးမြတ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)