ဖလံကျင်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ဒုတိယအကြိမ် ကွင်းဆင်း ထုတ်းချေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖလံကျင်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ဒုတိယအကြိမ် ကွင်းဆင်း ထုတ်းချေး


MNP - မတ်    ၁၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖလံကျင်း ကျေးရွာနေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် စေရန်နှင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရေးအတွက် မတ် ၁၀ ရက် ၊ ယနေ့ နံနက် ၈ နာရီက ဒုတိယအကြိမ်မြောက် မြစိမ်းရောင် စီမံကိန်းရန်ပုံငွေ ကွင်းဆင်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ကွင်းဆင်းထုတ်ချေးပေးရာတွင် ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က မြစိမ်းရောင်စီမံကိန်းဖြင့် ကျေးလက်နေ ပြည်သူများ ဆင်းရဲနွမ်းပါးမှု လျော့နည်းကျဆင်းစေရန်နှင့် တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေ တိုးပွား စေမည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်ပြီး မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းကို အကောင် အထည်ဖော် ဆောင်ရွက်ပေးခြင်းရခြင်းဖြစ်ကြောင်း၊ စီမံကိန်းချေးငွေများကို လေလွင့်ဆုံးရှုံးမှုမရှိအောင် အကျိုးရှိရှိ စနစ်တကျ သုံးစွဲလုပ်ကိုင် ကြရန်လိုအပ် ကြောင်း၊ စီမံကိန်းအတိုးရငွေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက်ကိုလည်း စီမံကိန်းရန်ပုံငွေ စာရင်း ဇယားများကို မှန်ကန်စွာ ဖြည့်စွက် ရေးသွင်း၍ စနစ်တကျ ထိန်းသိမ်းထားရှိစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပွင့်ဖြူမြို့နယ် ဖလံကျင်းကျေးရွာရှိ မြစိမ်းရောင် စီမံကိန်းအသင်းဝင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၇၂ ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၉၄ ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၁၈ ဦး၊ သက်/မွေးလုပ်ငန်းလုပ်ကိုင်သူ ၄၆ ဦး၊ စုစုပေါင်း စီမံကိန်းဝင်အသင်းသား ၂၁၁ ဦးအား ဒုတိယအကြိမ်မြောက် စီမံကိန်းရန်ပုံငွေကျပ် ၃၁၀ သိန်းကို အသင်းသားများထံ စနစ်တကျ ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်း - ရဲဝင်းနိုင်

မြန်မာနေရှင်နယ်ပို့စ်

 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)